အပိုင်း ၃၅

763 94 1
                                    

Unicode

ကွာရှင်းမပြတ်စဲခင် ငါ့မှတ်ဥာဏ်တွေ ပျောက်သွားတယ်

အခန်း ၃၅

"ရလဒ်မထွက်ခင်ကလည်း ဆဲနေခဲ့ပြီး ရလဒ်ထွက်လာတော့လည်း ထင်ထားတဲ့အတိုင်း မဟုတ်လို့ ဆဲနေပြန်တယ်၊ မင်းတို့လို ကိုယ့်ဘာသာကိုယ် ဘေးကနေ ဝိုင်းကြည့်တဲ့သူတွေက တကယ့်ကို လက်ပေါက်ကပ်တယ်။"

လုယွမ်ပိုင်ကို ရာဇဝတ်သားလို့ ထင်နေသည့် အင်တာနက်အသုံးပြုသူတွေက ကွန်ပျူတာရှေ့မှာ နီရဲနေသောမျက်လုံးများဖြင့် ထိုင်နေခဲ့ကြသည်။

ယခုတွင် လုယွမ်ပိုင်ကို စော်ကားပြောဆိုသည့် ပို့စ်တင်တာနှင့် ချက်ချင်းပင် ဖျက်ချခံရပြီး ပိတ်ဆို့ခံရသည်။

အင်တာနက်ပေါ်မှာ ဆဲဆိုလို့မရတော့ နောက်ဆုံးတော့ အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။

သို့ပေမယ့် သူတို့တည်ထောင်ပြီး သိပ်မကြာခင်ပဲ ရုတ်တရက်ဆိုသလိုပင် အဖွဲ့တချို့ ဖျက်ချခံခဲ့ရသည်။ အင်တာနက်အသုံးပြုသူတွေက ကီးဘုတ်ကိုချပြီး အရှုံးပေးလိုက်ကြတော့သည်။

"အခု လုယွမ်ပိုင်ကို တိုက်ခိုက်နေလည်း အပိုပဲ၊ အားထုတ်မှုတွေ အလကားပဲ၊ ပို့စ်တင်ပြီးတာနဲ့ တန်းဖျက်ချခံရတာပဲ။"

"အနုပညာနယ်ပယ်က ကြယ်ပွင့်တွေကို ငါအထင်သေးခဲ့မိတာပဲ၊ သူတို့ရဲ့ စွမ်းရည်တွေက သာမန်မဟုတ်ဘူးပဲ။"

"ဒါက လုယွမ်ပိုင်ရဲ့ စွမ်းရည် မဟုတ်ဘူး။ သူ့နောက်မှာရှိတဲ့ အကောင်ကြီးကြီးတစ်ကောင်ရဲ့ စွမ်းရည်ပဲ။"

အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

အင်တာနက်အသုံးပြုသူတွေက ဘာမှလုပ်လို့မရတာကြောင့် အလွန်စိတ်တိုနေကြသည်။ သို့ပေမယ့် သူတို့စိတ်တိုနေလည်း အပိုပင်ဖြစ်သည်။ လုယွမ်ပိုင်ကို တိုက်ခိုက်သည့် သတင်းမှန်သမျှ အကုန်ဖျက်ချခံခဲ့ရသည်။

မြို့လယ်က စီးပွားရေး အဆောက်အဦးတစ်ခုထဲ၌ အတွင်းရေးမှူးက သူ့လက်ထဲက ဖိုင်တွေကိုင်လျက် ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ပြည်သူ့ဆက်ဆံရေးဌာနသို့ သွားနေခဲ့သည်။

ကွာရှင်းမပြတ်စဲခင် ငါ့မှတ်ဥာဏ်တွေ ပျောက်သွားတယ် (BL) (ဘာသာပြန်)Onde histórias criam vida. Descubra agora