Part-3(Unicode)

455 40 0
                                    

"ကျန့်..ဒါဘာပန်းအုပ်စုလဲဟင်"

ရေကန်အစပ်ရှိ အုပ်စုလိုက်ပေါက်ရောက်နေသော ရွှေဝါရောင်ပန်းခင်းကြီးကိုကြည့်ကာ တအံ့တဩဆိုသော မင်းသားဝမ်က ဤပန်းများအား ယခုမှတွေ့ဖူးပုံပေါ်သည်။

အလေ့ကျပေါက်နေသော ရွှေဝါရောင်ပန်းခင်းကြီးကိုကြည့်၍ ပြုံးနေသည့်ဆရာသခင်က ကျေနပ်အားရတော်မူပုံရ၏..။ ယခုမှစတွေ့ဖူးသော လူသား၏အပြုံးများကြောင့် ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် နေခြည်နုနုအောက်၌ အရောင်တောက်နေကြသည့် ရွှေဝါရောင်ပန်းအုပ်စု၏ ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းကြောင့်လည်းဖြစ်ချင်ဖြစ်မည်။

"ဒက်ဖိုဒေးလ်ပန်းတွေတဲ့လေ။ အရပ်စကားအတိုင်းဆိုရွှေဝါရောင်ရေပျော်ပင်လို့ခေါ်တယ်..။ ပန်းတွေကိုတော့ ရေနတ်သမီးပန်းတွေလို့ခေါ်ကြတယ်"

ဆရာသခင်၏ရှင်းပြချက်ကို ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ရှာသော မင်းသားဝမ်က ဤပန်းအုပ်စုအား အတော့်ပင်သဘောတွေ့ဟန်ရှိသည်။ လေပြေလေညင်းကြား၌ ခေါင်းတညိတ်ညိတ်ယိမ်းနွဲ့နေကြသည့် ပန်းအုပ်စုကိုတမျှော်တခေါ်ငေးကြည့်ရင်း ‌ပြုံးတော်မူသည့် မင်းသားဝမ်က ဆရာသခင့်ကိုကျ အဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်သည်။

"ဒီပန်းတွေရဲ့အဆုံးကို ကျွန်တော်မမြင်ရဘူးကျန့်။ သူတို့က ညဘက်မှာ တွေ့ရတတ်တဲ့ ကြယ်အစုအဝေးတွေလိုပဲနော်"

"အဆုံးမသိတဲ့နဂါးငွေ့တန်းကိုပြောတာလား လောင်ဝမ်"

"‌ဒါပေါ့ ဒါပေါ့။ အစမရှိသလို အဆုံးလည်းမသိတဲ့ အချစ်နဲ့လည်းတူပြန်တယ်"

မင်းသားဝမ်၏စကားကို အဓိပ္ပါယ်ကောက်တတ်သည့် ဆရာသခင်က ခပ်တည်တည်ပင် မျက်နှာလွှဲပစ်၏..။ မင်းသားဝမ်က ပြုံးလျက်ပင် ပန်းခင်းဘက်သို့ပြန်လည်မျက်နှာမူ၏။

"ကျန့်..။ မြင်မြင်ချင်းအချစ်ဆိုတာကိုယုံလား"

မည်သည်မျှပြန်မဖြေသည့်ဆရာသခင်က လက်ထဲ၌ကိုင်ထားသည့် ယပ်တောင်ကိုသာ တဖျပ်ဖျပ်ခတ်နေသည်။ မင်းသားဝမ်က ပန်းတွေကိုကြည့်လျက် ပြုံးနေရင်းပင်

Golden Daffodils (Complete)Where stories live. Discover now