Part-11(Zawgi)

60 4 0
                                    

"လက်ကို ရင်ဘတ်နဲ့တည့်တည့်နဲ့မြှောက်။ လက်ကောက်ဝတ်ကိုအားထည့်ထား။ ဘေးကိုအာရုံမလွင့်စေနဲ့။ မျက်လုံးကိုဓားရဲ့ထိပ်မှာပဲထား။ နားကိုစွင့်။ ရန်သူရဲ့လှုပ်ရှားမှုကိုခန့်မှန်း"

ဆရာသခင်သည် စူးမာ၏ကိုယ်နေဟန်ထားကို ပြင်ရင်း တိုက်ရေးခိုက်ရေးနည်းများသင်ကြားပေးနေသည်။ အဖြူရောင်ဝတ်ရုံအပေါ်၌ အဖြူရောင်ဇာအင်္ကျီကိုထပ်ဝတ်ထားသည့် ဆရာသခင်သည် နေရောင်ခြည်အောက်၌ အတော့်ကိုမှပနံ့သင့်လွန်းနေသည်။

စူးမာလက်ထဲရှိဓားသွားသည် နေရောင်ခြည်နွေးနွေးအောက်၌ တလက်လက်တောက်လျက်ရှိပြီး ဓားကိုဝှေ့ယမ်းလိုက်တိုင်း လေတိုးသံတဝှီးဝှီးက ထွက်ပေါ်လာသည်။

"မိဖုရားခေါင်က နန်းတော်ဥပဒေကို မျက်နှာပြောင်တိုက်နေလေသလား။ မိဖုရား‌တွေအတွက်စည်းမျဉ်းမှာ ဓားမကိုင်ရဆိုတာပါတယ်လေ။ ဒါမှမဟုတ် သင်ကအရှင်မင်းကြီးကိုပုန်ကန်ဖို့ လက်တောက်လောက်ပဲရှိတဲ့ လုံမငယ်ကို ဓားရေးဓားရာသင်ပေးနေသလား.."

‌အရင်ဦးပိုင်းနွေးထွေးနေသော နေရောင်ခြည်သည် ရုတ်ချည်းအကျဉ်းတန်လာသည်။ ရွှေရောင်ဖိတ်ဖိတ်တောက်နေသည့် ဝတ်ရုံတော်ကို ဝတ်ဆင်ထားသည့်အရှင့်မယ်တော်ကြီးသည် တံခါးဝကိုကျော်၍ ဆရာသခင်အား ခွင့်ပြုချက်တောင် မတောင်းလေဘဲ ခြံဝန်းအတွင်း ပိုင်စိုးပိုင်နက်ဝင်ရောက်လာ၏။

သူမလမ်းလျှောက်တိုင်း ခြေ၌ဝတ်ဆင်ထားသော ခြေချင်းမှတချွင်ချွင်ထွက်ပေါ်လာပြီး ခေါင်းထက်ဝတ်ဆင်ထားသည့် ရွှေဆံထိုးများ၏ ပွတ်တိုက်သံသည်ပင် ထိုနည်းလည်းကောင်း။

"ကျုပ်က ကြိုးကြာမျိုးနွယ်စုရဲ့ခေါင်းဆောင်။ ကျုပ်တာဝန်က မျိုးနွယ်စုကလေးတွေကို ဓားရေးဓားရာနဲ့ စိတ်ဓာတ်ရေးရာကို သင်ကြားပေးရတဲ့ဆရာတစ်ယောက်ပဲ။ ကျုပ်ကကျုပ်တာဝန်ကျုပ်ထမ်းဆောင်တာ ဘယ်နေရာကအပြစ်ဖြစ်နေလို့လဲ"

"ရင့်သီးလှချည်လား မောင်မင်းရဲ့။ ဒီနေရာက မင်းနေခဲ့တဲ့ တောဇနပုဒ်မှမဟုတ်တာ။ သူ့စည်းသူ့ကမ်းနဲ့ ကျက်သရေရှိတဲ့ နန်းတော်ဆိုတာကို သတိရဦးလေ။ နန်းတော်ထဲမှာနေရင် နန်းတော်ကိုစည်းမျဉ်းတွေကို လိုက်နာရမှာပေါ့"

Golden Daffodils (Complete)Where stories live. Discover now