Part-5(Unicode)

360 36 0
                                    

မှုန်ရီရီနေခြည်နွေးသည် ကောင်းကင်မှယဲ့ယဲ့ကလေး ဖြာဆင်းနေသည်။ ပြာလဲ့နေသောကောင်းကင်ကြီးသည် မိုးတိမ်တို့ဖြင့် အုံ့ဆိုင်းမှုန်မှိုင်းနေလေသည်။ မည်းမှောင်၍ ညို့ဆိုင်းနေသော မိုးတိမ်များသည် ကောင်းကင်ယံမှပြိုကျမယောင် အုံ့ဆိုင်းနေပါ၏။

နီညိုရောင်သုတ်ဆေးများဖြင့် တန်ဆာချယ်ထားသည့် ကြီးမြတ်လှသော နန်းတော်ကြီး၏အတွင်းရှိ တရားစီ‌ရင်ရေးရုံးတော်၌ ဆူညံလျက်ရှိသည်။

အနီရောင်ရင့်ရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသော ဧကရာဇ်သည် ခုံအမြင့်တစ်နေရာ၌ ကျနစွာထိုင်ရင်း တစ်စုံတစ်ရာကို စိတ်ဝင်တစားရှူတော်မူ‌နေသည်။

ဧကရာဇ်၏ရှေ့၌ အပြစ်သားတစ်ယောက်အား အမှုထမ်းရာဇဝတ်သားနှစ်ယောက်က ကြီးမားလှသည့်ကြိမ်ဖြင့် အပြစ်သား၏ကျောကုန်းအား ရိုက်နှက်၍နေ‌ပေသည်။

အရှင်သည်စိတ်ဝင်တစားကြည့်ရှုနေရင်းကပင် ထိုအပြစ်သား၏နှုတ်ခမ်းမှကျဆင်းလာသည့် သွေးစများကိုပင် ကျေနပ်အားရစွာကြည့်ရှုနေပြန်သည်။ မျက်နှာတော်ထက်က မဲ့ပြုံးသေးသေးလေးသည့်ပင် ရှင်ဧကရာဇ်၏ ကျေနပ်မှုပြယုဂ်ထင်ရဲ့..။

"ရပ်လိုက်ကြစမ်း!"

ရုံးတော်ထဲဝင်လာသော လူတစ်ယောက်၏အသံကြောင့်ဖြစ်မည်ထင်သည်။ ရှင်ဧကရာဇ်အပါအဝင် ကျန်သည့်အမှုထမ်းများက ခေါင်းထောင်ကာကြည့်ကြပေမယ့် အပြစ်သားအား ကြိမ်ဖြင့်ရိုက်နှက်နေသူနှစ်ဦးက သူတို့အလုပ်သူတို့ဆက်လုပ်သည်။

"ရပ်လိုက်လို့ပြောနေတယ်လေ!!"

ခက်ထန်လှသည့်အသံ၏ပိုင်ရှင်ကြောင့် ဧကရာဇ်၏ကျောမတ်ခနဲဖြစ်သွားသလို အမှုထမ်းများက မြေပြင်၌ဒူးထောက်ကာခစားကြသည်။ ဒေါသတကြီးဝင်ရောက်လာသူက အရှင့်ဧကရီသာမို့..။

"ရပ်!"

ဧကရာဇ်၏အမိန့်ကြောင့် အပြစ်သားအား ကြိမ်ဖြင့်ရိုက်နှက်နေသူနှစ်ဦးသည် ရပ်တန့်သွားကာ နေရာ၌ ကျောက်ရုပ်များပမာ တောင့်တောင့်ကြီးများရပ်နေကြသည်။

"လောင်ဝမ်.."

ကျောပြင်၌ သွေးများပင်စို့ကာ နှုတ်ခမ်းများဖြူဖျော့နေသည့်အပြစ်သားကား အခြားလူမဟုတ်။ ဧကရာဇ်၏ညီတော်အရင်းပင်ဖြစ်သည်။

Golden Daffodils (Complete)Where stories live. Discover now