1

1.6K 122 24
                                    

မိုးရာသီဆိုတဲ့အတိုင်း ဆိုးလ်မြို့မှာမိုးမရွာတဲ့​ေန့ရယ်လို့မရှိပါ.....။အခုလည်း
လေရောမိုးပါပြင်းထန်စွာရွာသွန်းနေတာမို့
ကားမတော်တဆမှုတွေကလည်း
များပြားလှ၏......။

ဆေးရုံကြီး၏အရေးပေါ်ဌာနတွင်လည်း
ခုတင်အလွတ်မရှိတော့လောက်အောင်ထိ
လူတွေပြည့်ကြပ်နေသည်....။

"ငါ့ကို လွှတ်စမ်း...!!!
လွှတ်လို့ပြောနေတာ မင်းတို့နားတွေ
ကန်းနေကြတာလား လွှတ်...!!!"

Nurseတွေနှင့် အလုပ်သင်ဆရာဝန်လေးတွေဝိုင်းဝန်းချုပ်ထားသော်လည်း
ဤလူသေးသေးလေးသည် အားသန်ကာ
အသံကပါ အရေးပေါ်ဋ္ဌာနတစ်ခုလုံးကို
ပြိုမကျမတတ်အော်ဟစ်နေ၏....။
တခြားလူနာတွေကပါ ငြိမ်သက်သွားပြီး
ထိုနေရာကိုအာရုံစူးစိုက်လာသည်အထိပင်...။

ထိုသို့ရုန်းရင်းဆန်ခတ် ဖြစ်နေသော
နေရာသို့တည်ငြိမ်သောခြေလှမ်းတို့ဖြင့်
လျှောက်လှမ်းလာသူတစ်ဉီး.....။
အလွန်အိန္ဒြေရကာ အကြောင်းမသိသူဆို
အေးဆေးလမ်းလျှောက်နေသည်ဟု
ထင်နိုင်သော်လည်း သိနေသူတွေဆို
ေခြလှမ်းတွေလောနေကြောင်း
သိနိုင်သည်.......။

"ဘာတွေဖြစ်နေကြတာလဲ..."

ချိုရှနေသောအသံသည် ရုန်းရင်းဆန်ခတ်
​ဖြစ်နေမှုတွေကို ငြိမ်သက်သွားကာ
အားလုံး၏ ဉီးတည်ရာက
Duty Coat အဖြူရောင်နှင့်
ခန့်ညားထည်ဝါလွန်းသော
ဆရာဝန်ကြီးဆီသို့သာ.....။

အားလုံးဆွံ့အနေသော်လည်း
သွက်လက်သောအလုပ်သင်
ဆရာဝန်လေး Kim Tae Hyungသည်
ဆရာဝန်ကြီး မေးသည်အား
မဆိုင်းမတွပင် ပြန်ဖြေနိုင်လေသည်....။

"ကားအက်ဆီဒင့် ဖြစ်တာပါ
ဒေါက်တာ ခန့်မှန်းချက်အရ
ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး
လက်မှာထိခိုက်ဒဏ်ရာအနည်းငယ်နဲ့
ပွန်းပဲ့ရာတစ်ချို့ရှိနေပါတယ်ခင်ဗျ...."

ဒေါက်တာဂျွန်သည် ဆေးမှတ်တမ်း
စာရွက်အားလှန်လှောကြည့်ကာ
ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်၏....။

"ပြဿနာက....."

"ဆေးထည့်မခံဘဲ ရုန်းနေတာပါ
ဒေါက်တာ ကျွန်တော်တို့
စိတ်ငြိမ်ဆေးပေးဖို့လုပ်နေပေမယ့်
အခြေအနေက....."

တွယ်ရစ်နှောင်ချည်ကိုကို့ဆီ(တွယ်ရစ်နှောင်ချည်ကိုကို့ဆီ)Where stories live. Discover now