2

556 85 16
                                    

"Park Jiminဆိုတဲ့နာမည်နဲ့လူနာ
ရှိလားမသိဘူး...."

လက်လက်ထနေသော အပြင်အဆင်တွေအပြင်နှစ်လိုဖွယ်အပြုံးကို ချိတ်ဆွဲထားသော
ထိုအမျိုးသားအားငေးကာ ဆရာမလေးကဆွံ့အလျှက်ရှိနေသည်.....။

"Hello. ....!"

ဖွေးသွယ်သောလက်တွေမျက်နှာရှေ့
ဝှေ့ယမ်းလာတော့မှ
ဆရာမလေးအသိဝင်လာသည်။နတ်သားတမျှချောမောသောမျက်ကိုစိတ်ရောက်နေ၍
ဘာ​ပြောလိုက်မှန်းမသိတာကြောင့်
ပြန်မေးရသေးသည်....။

"ဘာပြောလိုက်တာလဲမသိဘူးရှင့်....."

"Park Jiminဆိုတဲ့နာမည်နဲ့လူနာရှိလားလို့"

"ဪ ဟုတ်ကဲ့ခဏကြည့်ပေးပါမယ်နော်"

ဘာတွေလဲဟ...။လူချောလူလှမမြင်ဘူးတာလားဘာလားဘဲ ဒီလောက်ထိကို
ဖြစ်သွားရတယ်ဆိုတော့......။
Hoseokသည် သူ့ကိုယ်သူတောင်
ပြန်ကြည့်မိသွားသည်....။သူ့အပြင်အဆင်က
အရမ်းကြီးတောက်​ပြောင်နေလို့များလား...။

"အခန်းနံပါတ်103ပါရှင့်...."

"ေကျးဇူးနော်..."

"ရပါတယ်ရှင့်..."

ထိုအမျိုးသားထွက်သွားမှ
ဘေးနားမှာရှိသည့် သူမ၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က စုဝေးလာကြတော့သည်...။

"အခန်းနံပါတ် 103ကိုလာတဲ့
ကောင်လေးတွေက ချောလိုက်တာဟယ်..."

"အခုတစ်ယောက်ကခပ်လန်းလန်း
မနက်ကတစ်ယောက်က တည်ကြည်ခန့်ညားနေရောဘဲ......"

"မနက်ကတစ်ယောက်ရော အခုတစ်ယောက်ရောငယ်သေးတယ်နော် ဒါပေမယ့်
မနက်ကတစ်ယောက်က
မျက်နှာလေးကရင့်ကျက်တည်ငြိမ်နေရောဘဲ
ငါ့ကလေးတွေရဲ့အဖေဖြစ်မယ့်ရုပ်ကလေး"

"အမလေး....အခုတစ်ယောက်က
ငါ့typeလေး ငါ့typeလေးကမှပိုချောတာ
နာမည်လေးတောင်မမေးလိုက်ရဘူး
နှမြောလိုက်တာဟယ်...."

ဆေးရုံ၏​​ဆေးယူကောင်တာတွင်
ဆေးပေးဆရာမလေးသုံးယောက်၏
မိန်းမသားတို့ထုံးစံအတိုင်းအဆင်မြင်
အချင်းချင်းမပြောရမနေနိုင်သည့်
ရောဂါအရပြောနေကြခြင်းဖြစ်သည်....။

Dr. Jeonသည် သူ့လူနာတွေထဲမှ
တစ်ယောက်ကဆေးရုံဆင်းတော့မည်ဖြစ်၍လက်မှတ်လာထိုးနေခြင်းဖြစ်သည်။
Dr.Jeonက ထိုဆရာမလေးသုံးယောက်၏
နောက်မှာရှိနေတာဖြစ်သည်.....။

တွယ်ရစ်နှောင်ချည်ကိုကို့ဆီ(တွယ်ရစ်နှောင်ချည်ကိုကို့ဆီ)Where stories live. Discover now