5

521 79 19
                                    

ဧကဆယ်ချီကျယ်သောခြံဝန်းကြီးအတွင်းJeonတို့မိသားစုစီးနင်းလိုက်ပါလာသည့်ကားလေးက ဝင်ရောက်လာသည်။
ခြံစောင့်ဉီးလေးကြီးနှစ်ယောက်သည်ကြိုသိနေသည့်အလားတံခါးဖွင့်ပေးကြသည်။
လုံခြုံရေးအစောင့်တောင် Uniformနှင့်မို့Jeonမျက်ခုံးပင့်မိသည်။တော်ရုံအဆင့်အတန်းတော့ မဟုတ်....။

စိမ်းစိုနေသောမြက်ခင်းပြင်အကျယ်ကြီးကလည်းမျက်စိအေးစေကာ စိတ်ကိုကြည်လင်လာစေသည်။အလုပ်သမားတို့သည်လည်းသူတို့လုပ်ရမည့်လုပ်ငန်းဆောင်တာတို့ကိုလုပ်ဆောင်နေကြပြီး အလုပ်ရှုပ်နေကြသည်။
ကျယ်ဝန်းလှသောခြံကြီး၏အလှအပကို
ထိန်းသိမ်းဖို့ရန်မှာလည်း မလြယ္ကူလှသလို
အလုပ်သမားတို့မှာလည်းများပြားလွန်းလှသည်။

ငါးမိနစ်ခန့်မောင်းပြီးနောက် သူတို့အိမ်ကြီးရှေ့ကိုရောက်လာကြသည်။ခေတ်မှီဒီဇိုင်းဆန်းတို့ဖြင့်တည်ဆောက်ထားသော Park အိမ်တော်ကြီးသည် ကြီးကျယ်ခမ်းနားလွန်းလှသည်။အိမ်အဝင်မှာ သူတို့ကိုစောင့်နေဟန်တူသောအိမ်တော်ထိန်းနှင့်အစေခံအချို့...။
စေခံအားလုံးသည် အပေါ်မှအဖြူရောင်
shirt လက်ရှည်နှင့်အမျိုးသားဆိုလျှင် ဘောင်းဘီရှည် အမျိုးသမီးဆိုလျှင်ဒူးအောက်ထိသော စကပ်အနက်ရောင်ကိုဝတ်ဆင်ကြရသည်။ဆံပင်တို့ကိုသပ်ရပ်စွာဖီးသင်ထားပြီး မျက်မှာလည်းမည့်သည့်အရာမှမရှိ ရှင်းလင်းကာအစေခံတို့၏မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

Jeonတို့ကားပေါ်မှဆင်းသည်နှင့် အစေခံတို့ထဲမှ ခေါင်းဆောင်ဟုထင်ရသောအမျိုးသားကကိုယ်ကိုညွှတ်၍ နှုတ်ဆက်လာသည်။

"သခင်ကြီးက ဧည့်ခန်းမှာစောင့်နေပါတယ်
ကျွန်တော့်နောက်ကလိုက်ခဲ့ပါခင်ဗျ...."

ရိုကျိုးနေသော ထိုအမျိုးသားသည်အစေခံတို့၏အကြီးအကဲဖြစ်ရမည်ဟု Jeonတို့တညီတညွတ်တည်းမှတ်ချက်ပြုမိကြသည်။
Park အိမ်တော်ကြီးသည် အပြင်ဘက်မှာ
ခမ်းနားတာထပ်ကို အတွင်းပိုင်းကပိုပြီးခမ်းနားလွန်းလှသည်။လှပသောရွှေညိုရောင်အခန်းစည်းလိုက်ကာအရှည်ကြီးတွေနှင့်
ဝါကျင့်ကျင့်မီးရောင်က ခမ်းနားသောနန်းတော်ကြီးထဲကိုရောက်သွားသကဲ့သို့ပင်။
လှပတင့်တယ်လှသောလီလီပန်းအဖြူရောင်တို့သည် လမ်းတစ်လျှောက်အစီအရီဖြင့်ပန်းအိုးထဲတွင်နေရာယူနေကြသည်....။
ခင်းထားသည့်ကော်ဇောနီကစ ဤအိမ်ကြီး၏ကိမ်းကြီးခန်းကြီးနိုင်မှုကိုပြသည်။

တွယ်ရစ်နှောင်ချည်ကိုကို့ဆီ(တွယ်ရစ်နှောင်ချည်ကိုကို့ဆီ)Where stories live. Discover now