Ep-3

3.7K 365 13
                                    

ကျောင်းသွားဖို့ကားစက်နှိုးနေတဲ့ထား

'ဟင် ဘာလို့စက်နှိုးမရရတာလဲ'

သော့ကိုတပ်လိုက်ဖြုတ်လိုက်အကြိမ်ကြိမ်လုပ်ကာကားစက်ကိုနှိုးနေမိသည် ကားစက်ကနိုးတဲ့အသံထွက်လာပေမဲ့ ချက်ခြင်းစက်ပြန်သေသွားသည်

'တီလေးဘာဖြစ်လို့လဲ'
'ကားစက်ကနှိုးမရလို့'
'ကားပျက်တာလား'
'ထင်တာပဲ စိတ်ညစ်ပါတယ်'
'Taxiငှားသွားလိုက်လေတီလေး ဒါပေမဲ့ဒီနားမှာ taxiဂိတ်လဲမရှိဘူးနော်'
'ထားလိုက်တော့ bus ပဲစီးသွားလိုက်မယ်'

Bus ပေါ်တက်ခါနီးကြိတ်ကြိတ်တိုးနေတဲ့ကားထဲကလူတွေကိုကြည့်ရင်းခေါင်းခါမိသည်
ထိုင်ခုံတွေပြည့်နေတာကြောင့် ထားမှာအပေါ်တန်းလေးကိုလက်ကကိုင်ထားကာ ကားအပြင်ကိုပဲကြည့်နေမိ၏ ရုတ်တရက် တန်းကိုကိုင်ထားတဲ့ ထားလက်ပေါ်ကိုရောက်လာတဲ့လက်တစ်ဖက် ဒါတွေကြောင့် ထားbusစီးရတာမကြိုက်တာ တစ်ဖက်ကဘယ်သူလဲမသိပေမဲ့ ထားလဲရန်မဖြစ်ချင်ကြောင့်လက်ကိုနေရာရွှေ့လိုက်တယ်
ဒါပေမဲ့ ရွှေ့လိုက်တဲ့နေရာကလက်ကိုလိုက်ကိုင်ပြန်တဲ့တစ်ဖက်ကလူ တစ်ကြိမ်လဲမဟုတ် နှစ်ကြိမ်လဲမဟုတ်တာကြောင့် ထားဒေါသထွက်လာတော့သည်

'ရှင်ဘယ်လိုလူလဲ သူများလက်ကိုလိုက်ကိုင် ဟင် မင်း'
'ဟဲဟဲ မောနင်း အန်တီ'
'မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ'
'ဒီလိုပဲ အန်တီ့ကိုစိတ်မချလို့လိုက်လာတာ'

အမှန်တော့ မောင်မနက်တည်းက အန်တီတို့အိမ်နားကိုရောက်နေတာ ကားပျက်လို့တူအရီးနှစ်ယောက်အပေါ်ထပ်နဲ့အောက်ထပ်အော်ပြောနေတာကြားသည် ဒါကြောင့် busကားဂိတ်ကိုအန်တီထွက်သွားထဲက မောင်နောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့တာ

'Busစီးတယ်ဆိုတာဒီလိုမျိုးလား မောင် သိထားတာနဲ့မတူဘူး ကိုရီးယားကားတွေထဲမှာဆိုbusကချောင်ချိနေတာပဲ ဒါနဲ့​အန်တီမနက်စာစားပြီးပြီလား မောင်တော့စားပြီးပြီ မေမေကဒီနေ့မောင့်အကြိုက်ခေါက်ဆွဲချက်ကျွေးတယ်လေ တော်တော်အရသာရှိတာ အန်တီ့ဖို့တောင်ယူလာမလို့ အန်တီမကြိုက်မှာစိုးလို့'
'ချစ်စမ်းမောင်'
'ရတယ်လေ အန်တီ့ကိုချစ်ရမယ်ဆိုအမြဲအဆင်သင့်ပဲ'
'မင်း busကားကကြပ်ညပ်ပြီး  ပူလောင်နေလို့စိတ်ညစ်နေရတဲ့ကြားထဲ နားပူအောင်လာမလုပ်ပါနဲ့'
'အန်တီပူနေတာလား ဟိတ် မင်းလက်ထဲကပန်ကာငါ့ပြန်ရောင်း'

HtarWhere stories live. Discover now