Ep-5

4.1K 321 10
                                    

မိုးကကိုယ်တိုင်လဲဂိမ်းဆော့ရတာဝါသနာပါသူမို့ game ဆိုင်အကြီးကြီးတစ်ဆိုင်ဖွင့်ထားသည် ပြိုင်ပွဲတွေလဲမကြာခဏလုပ်ပေးပြီးဆုတွေလဲပေးတာမျိုးရှိတော့ လူငယ်တွေကြားထဲတော်တော်နမည်ကြီးတယ်ဆိုပါတော့ ဒီနေ့ခေတ်က ဖုန်းမှာ ကွန်ပျူတာမှာ အလွယ်တကူဆော့လို့ရတဲ့ဂိမ်းတွေဆိုပေမဲ့ ဂိမ်းဆိုင်ကကွန်ပျူတာနဲ့ဆော့ရတဲ့အရသာကဘယ်အရာနဲ့မှမတူဘူးလေ

'ကလင်ကလင်'

မိုးတစ်ယောက်ကောင်တာမှာထိုင်ပြီးဂိမ်းဆော့နေတုန်း ကောင်တာပေါ်ကလူခေါ်bellလေးကိုတစ်ယောက်ယောက်ကနှိပ်လိုက်တာမို့ မော့်ကြည့်လိုက်သည် ပုပုသေးသေးကလေးမလေးတစ်ယောက်
နှုတ်ခမ်းကလဲဆူထားသည်မှာ မိုးခန္ဓာကိုယ်တောင်ထိုးဖောက်သွားတော့မည့်ပုံစံပင်
မုန့်မှာမလို့လားမသိ ဒါပေမဲ့ဖုန်းနဲ့မှာလို့ရအောင်လုပ်ပေးထားသည်လေ ဒီအထိလာမှာစရာမှမလိုတာ

'ဘာများမှာချင်လို့ပါလဲ'
'ကျွန်မ နံပါတ်၂၄က
မုန့်မှာထားတာနာရီဝက်လောက်ရှိပြီ အခုထိလာမပို့သေးဘူး'
'အာ ဟုတ်လား ခဏနော် ဟိတ်ကောင်လေးတွေ'
'ဗျာ boss'
'၂၄ကမုန့်မှာထားတာခုထိသွားမပို့ရသေးဘူးလား'
'ကျွန်တော်တို့ခုနကလူကျနေတာနဲ့ပေးဖို့မေ့သွား'
'မင်းတို့တွေလုပ်လိုက်ရင်ဆင်ခြေဆင်လက်တွေနဲ့ ဘယ်မှာလဲ သူမှာထားတာရပြီလား'
'ရတော့မယ် boss'
'ဒီကညီမလေး ခဏလောက်စောင့်ပေးပါနော် လာပို့ပေးပါ့မယ်'
'မြန်မြန်နော်'

တာဝန်မကျေတဲ့ဝန်ထမ်းတွေကြောင့် မိုးစိတ်တိုရသည်

'ဘယ်မလဲရပြီလား'
'ရ ရပါပြီ'
'ပေး ငါ့ကို'
'ရပါတယ် ကျွန်တော်ပဲသွား'

မိုးမျက်စောင်းကြောင့်ဝန်ထမ်းကောင်လေးမှာပြောစရာစကားပျောက်ရှသွားရပြီ နံပါတ်၂၄ က player ရဲ့order မှာထားတာကို မိုးကိုယ်တိုင်သွားပို့လိုက်တယ်

'ညီမမှာထားတဲ့မုန့်လေးပါ အမရဲ့ဝန်ထမ်းတွေရဲ့ပေါ့လျော့မှု့အတွက်တောင်းပန်ပါတယ်'
'စကားနဲ့ပဲတောင်းပန်လို့ရမလား'
'အမ ဘာပြန်လုပ်ပေးရမလဲ ဒါမှမဟုတ်ဂိမ်းကစားချိန်တိုးပေးရမလား'
'အမလဲဒီဂိမ်းဆော့နေတာတွေ့တယ်
ပုံ့ နဲ့အတူတူဂိမ်းဆော့ပေး ရလား ပုံ့တစ်ယောက်ထဲဖြစ်နေလို့'
'အာ ရတာပေါ့'

HtarWhere stories live. Discover now