Ep-15

2.4K 206 25
                                    

'ဒါ ဖေကြီးအတွက် လက်ဖက်ရည်ပေါ့ဆိမ့်နဲ့ပဲနံပြား'
'ကျေးဇူးပါဗျ'
'ဒါကတော့ မေ့ချစ်သမီးလေးအတွက်ခေါက်ဆွဲ'

မောင် စားပွဲကခုံမှာဝင်ထိုင်ရင်း

'ကြီးချောဆိုင်ကပဲမလား'
'ဟုတ်ပါ့ရှင်'
'ဖေဖေ ဦးသက်နိုင်တို့ကန်ထရိုက်နဲ့စာချုပ်သက်တမ်းထပ်တိုးလိုက်တယ်ဆို'

ငရုတ်သီးမှုန့်ပုလင်းထဲကငရုတ်သီးမှုန့်တွေကိုပန်းကန်ထဲခါချရင်းဖေဖေ့ကိုမေးလိုက်သည်

'ဟုတ်တယ်လေသမီးရဲ့'
'အဲ့အပိုင်းကိုဖေဖေ့ဘာသာတာဝန်ယူနော် မောင့်ဆီမလွှဲလာနဲ့ မောင်သူတို့နဲ့မပက်သက်ချင်ဘူး
ပြီးတော့ ဦးသက်နိုင်ကိုမှားထားပေးဦး ကိုယ့်သားကိုယ်ကြည့်ထိန်းပါလို့ မဟုတ်ရင် မောင်ဘယ်မျက်နှာမှမထောက်ပဲသူ့ကိုအချုပ်ထဲထည့်ပစ်မယ်လို့'
'ဘာလို့တုန်း'
'တစ်နေ့ကပေါ့ Q&Q ရှေ့မှာတွေ့တာ မောင့်ကိုလာပြီးဆွဲလားရမ်းလားနဲ့'
'သူကလူကောင်းလေးပါသမီးရဲ့'
'ကိုယ့်သမီးကို လူမြင်ကွင်းမှာဆွဲလားရမ်းလားလုပ်တာကိုလူကောင်းတဲ့လား ဖေဖေ မျက်မှန်ပါဝါတိုးဖို့လိုနေပြီလား မျက်စိဆေးခန်းမှာဘိုကင်တင်ပေးရတော့မလား'
'သမီးရဲ့ သူကမိဘမဲ့ကျောင်းမှာကြီးပြင်းလာခဲ့ပြီးမေတ္တာတွေမရခဲ့တော့ တစ်ဖက်သားကိုလဲသူမေတ္တာတွေဘယ်လိုပြရမလဲမသိလို့ သူ့လုပ်ရက်တွေကဒီလိုဖြစ်နေတာပါ ပြီးတော့ သူဖေဖေ့ကိုလာကြိုတောင်းပန်ပြီးပါပြီ သမီးကို သူဒီလိုလုပ်မိကြောင်း ပြီးတော့ သူသမီးကိုသဘောကျတာထပ်ပိုကြောင်းလဲတဖွဖွပြောနေတာ'
'ဘာလဲ ဖေဖေကသူ့သဘောကျနေတာလား'
'ကိုယ်နဲ့ရွယ်တူနီးပါးရှိပြီး မျိုးဆက်လဲရအောင်လုပ်မပေးနိုင်တဲ့မိန်းမထက်စာရင် မောင်ခန့်ညားနိုင်ကအများကြီးသာတာပေါ့သမီးရဲ့'
'သမီးကတော့ အန်တီနဲ့မှမဟုတ်ရင်ဘယ်သူ့လက်ကိုမှမတွဲနိုင်ဘူး'
'ဖေဖေလဲ မရရတဲ့နည်းနဲ့ ငါ့သမီးကိုမောင်ခန့်ညားနိုင်နဲ့လက်ထပ်ပေးမယ်ဆိုရင်ရော'
'ဒုန်း'
'ဖေဖေ!!!'

စားပွဲကိုလက်သီးဖြင့်ရှိသမျှအားကုန်ထည့်ကာထုရင်း ဖေဖေ့ကိုအော်လိုက်သည်

HtarWhere stories live. Discover now