Episode 3 Uni / Zawgyi

2.4K 78 0
                                    

Ep 3

ကြီးမားသောဟိုတယ်ကြီးအတွင်းရှိ မင်္ဂလာခန်းမကြီးတွင် မောင်လီယို နှင့် မောင်လမြတ်ဝါဆိုတို့၏ မင်္ဂလာဧည့်ခန်းပွဲဟူသော စာတန်းကြီးကို ထင်းနေအောင်ချိတ်ဆွဲထားသည်။ ထိုဟိုတယ်ကြီးက လီယိုရဲ့မိဘတွေပိုင်ဆိုင်သော ဟိုတယ်ကြီးသာ ဖြစ်သည်။

လီယိုမိဘတွေရဲ့ အရှိန်အဝါ ၊ လီယို့ရဲ့အရှိန်အဝါတွေကြောင့် မင်္ဂလာပွဲသို့ရောက်လာကြသူတွေကလည်း များပြာစွာရှိနေသည်။ မကြာမီမင်္ဂလာပွဲ ကျင်းပတော့မှာကြောင့် သတိုးသားနှစ်ယောက်ကလည်း တိုက်ပုံအင်္ကျီအဖြူရောင်နှင့် ရွှေအိုရောင်ပုဆိုးတွေကို တူညီစွာဝတ်ဆင်ထားကြသည်။

သတိုးသားနှစ်ယောက်လုံးက မြန်မာ့ရိုးရာတိုက်ပုံတွေနဲ့ တစ်ယောက်တစ်မျိုး ကြည့်ကောင်းနေကြသည်။ ထို့ကြောင့် သတင်းထောက်တွေကလည်း သတင်းတွေရယူရန် ပြိုင်ဆိုင်နေကြသည်။

ထို့နောက် မင်္ဂလာပွဲကို စတင်ကျင်းပတော့သည်။ မင်္ဂလာပွဲအတွက် ဌားထားသည့်ရှေ့နေက လက်စွပ်နှစ်ကွင်း ယူလာခိုင်းသည်။ လီယို့မေမေနဲ့ လမြတ်ဝါဆိုအစ်မက လက်စွပ်ဗူးနှစ်ဗူးကို ထည့်ထားသောဗန်းကို တစ်ယောက်တစ်ဗန်းစီ ကိုင်ထားကြသည်။

"အခုချိန်ကစပြီး မင်္ဂလာပွဲစတင်ပါတော့မယ် သတိုးသားနှစ်ယောက်လုံး မတ်တပ်ရပ်ပေးကြပါ .." လီယိုနဲ့လမြတ်ဝါဆိုလည်း ရှေ့နေကြီး၏ စကားအတိုင်း မတ်တပ်ရပ်နေကြသည်။

"အခုချိန်ကစပြီး သတိုးသားနှစ်‌ယောက် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ၊ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ၊ ပျော်ရွှင်ရသည်ဖြစ်စေ စိတ်ဆင်းရဲရသည်ဖြစ်စေ စသည့်အချက်တွေကို အတူတကွမျှဝေခံစားပြီး ရိုးမြေကျ အသက်ထက်ဆုံး ချစ်ခင်ကြင်နာသွားကြမည်ဟု လက်ခံပါသလား .."

လီယိုသူ့မေမေကို ကြည့်လိုက်တော့ သူ့မေမေက လည်ပင်းကိုပွတ်ဆွဲပြလိုက်သည်။ ထိုအမူအယာက သူလက်မခံရင် သူ့ချစ်သူသွယ်တန်း သေရမည်ဟု ပြောတာဖြစ်သည်။

"ဟုတ်ကဲ့ လက်ခံပါတယ် .."

လီယိုက ပြောလိုက်တာဖြစ်သည်။ အခုလမြတ်ဝါဆိုအလှည့် ရောက်လာပြီဖြစ်သည်။ လမြတ်ဝါဆိုလည်း သူ့အစ်မကိုကြည့်လိုက်တော့ သူအစ်မကပြုံးပြနေသည်။

𝐿𝑎 𝑀𝑦𝑎𝑡 𝑊𝑎𝑟𝑠𝑜'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑 , 𝑀-𝑝𝑟𝑒𝑔 {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now