Episode 4 Uni / Zawgyi

2.2K 75 0
                                    

Ep 4

"ဒါနဲ့ပဲမင်းက ငါတို့ကိုလှမ်းခေါ်လိုက်တာပေါ့ .."

"အေး လီယိုစောက်ကျင့်ယုတ် ငါပြန်ချင်တာကို ပြန်ပို့မပေးဘူးလေ .."

"ဟုတ်ပါပြီစိတ်လျှော့ ငါတို့သူငယ်ချင်းတွေအခု မင်းကိုလာခေါ်ပေးပြီးပြီလေ .."

"အင်း ငါ့မှာမင်းတို့ရှိလို့ တော်သေးတာပေါ့ .."

"သူငယ်ချင်းအချင်းချင်းပဲ မလိုပါဘူးကွာ .."

"ဘာပဲဖြစ်ဖြစ် ငါကတော့မင်းတို့ကောင်တွေကို ကျေးဇူးတင်တယ်ကွာ .."

လမြတ်တို့သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက် ကူညီပေးတတ်ကြသည်။ ကျောင်းကိုလည်း ဘွဲ့ရသည်အထိ အတူတူတက်ခဲ့ကြတာကြောင့် ပို၍ပင်တစ်ယောက်အကြောင်း တစ်ယောက်သိ၍ ခင်မင်နေကြတာဖြစ်သည်။

"ကေသီ သူနိုင်ငံခြားကိုသွားရတော့မယ်တဲ့ .."

"သူ့အဖေက အ‌စောကြီးကိုခေါ်တော့တာလား .."

"ဟိုမှာအလုပ်တွေ မနိုင်လို့တဲ့ကွ .."

"အေးအဲ့ဒါဆိုလဲအခု ကေသီနဲ့တစ်ဆိုင်ဆိုင်မှာ ချိန်းလိုက်ကွာ .."

ထက်ပိုင်ဇိုးက ကေသီကို ဖုန်းလှမ်းဆက်လိုက်သည်။ ကေသီကလည်း သူတို့သူငယ်ချင်းတွေစားနေကျ ဟော့ပေါ့ဆိုင်သို့ လာခဲ့မည်ဟုပြောလိုက်သည်။

"ငါတို့သူငယ်ချင်းတွေ စုပေါင်းပြီးလုပ်မယ့် ဆိုင်လေးကတော့ သွားပါပြီကွာ .."

"စိတ်မပျက်ပါနဲ့ ရန်ငြိမ်းရာ .."

"စိတ်မပျက်ရမလားကွ ကေသီကလည်း နိုင်ငံခြားသွားတော့မှာ လမြတ်ကလဲ သူ့ယောကျာ်းနဲ့အဆင်မပြေ .."

"Sorryပါကွာ ငါ့ကြောင့်ငါတို့ရဲ့ စိတ်ကူးယဉ်ဆိုင်လေး ပျက်စီးသွားခဲ့ရင် .."

"ရပါတယ်ကွာ ငါနည်းနည်းစိတ်မကောင်း ဖြစ်မိသွားလို့ပါ .."

လမြတ်တို့သူငယ်ချင်းတွေ စုပေါင်းပြီး ရေခဲမုန့်မျိုးစုံ ၊ ကော်ဖီနဲ့ ကိတ်မုန့်ဆိုင်လေး စုပေါင်း၍ဖွင့်ရန် တိုင်ပင်ထားကြတာ ဖြစ်သည်။ အခုသူငယ်ချင်းလေးယောက်တွင် တစ်ယောက်ကနိုင်ငံခြားသွား ၊ တစ်ယောက်ကယောကျာ်းရနဲ့ ထက်ပိုင်ဇိုးနဲ့ရန်ငြိမ်းသာ ကျန်တော့သည်။

𝐿𝑎 𝑀𝑦𝑎𝑡 𝑊𝑎𝑟𝑠𝑜'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑 , 𝑀-𝑝𝑟𝑒𝑔 {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now