Episode 9 Uni / Zawgyi

2.1K 57 0
                                    

Ep 9

ဒီနေ့က လီယို့ကုမ္ပဏီရဲ့ 3နှစ်ပြည့်အခမ်းအနား ကျင်းပနေတာကြောင့် ကုမ္ပဏီရှိဝန်ထမ်းတွေလည်း ပျော်ပါးနေကြသည်။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဖိတ်ထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး လာကြလေသည်။ ဖိတ်တဲ့သူကလည်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် လီယို ဖြစ်တာကြောင့်ပင်။

နေ့ခင်းတွင်3နှစ်ပြည့် အခမ်းအနားပွဲကျင်းပပြီး ညဘက်တွင်Dinnerလုပ်ရန် စီစဉ်ထားလေသည်။

"အရိုးလေး ခဏနေခဲ့အုံးနော် ကျုပ်ဧည့်သည်တွေနဲ့ စီးပွားရေးကိစ္စပြောလိုက်အုံးမယ် .."

"သွားပါရပါတယ် ဒီမှာအစ်ကိုဝီလျံနဲ့ အစ်ကိုဒေးဗစ်လည်း ရှိတယ်လေ .."

"အင်း ကျုပ်သွားပြီနော် .."

လီယိုကလည်း မဖြစ်မနေမို့ သွား၍နှုတ်ဆက်လိုက်သည်။ လမြတ်ဝါဆိုကလည်း ဝီလျံတို့နဲ့စကားပြောနေသည်။

"အစ်ကိုလေး ကျွန်တော့်ကိုရန်ငြိမ်းရဲ့ ဖုန်းနံပါတ်လေးပေးပါလား ကျွန်တော်သူနဲ့မတွေ့ရတာ တစ်လလောက်ရှိနေလို့ .."

"ဟုတ်ရပါတယ်အစ်ကို ကျွန်တော်ပေးပါ့မယ် .."

လမြတ်သူ့ဖုန်းထုတ်၍ ရန်ငြိမ်းရဲ့နံပါတ်ကို ပြောပြလိုက်သည်။ ရန်ငြိမ်းဖုန်းနံပါတ်ရသွားတော့ အစ်ကိုဝီလျံပျော်သွားတာကြောင့် လမြတ်လည်းပြုံးလိုက်မိသည်။

"ဖွင့်ပြောတော့မလို့လား ဝီလျံ .."

"ဟုတ်တယ် ဒေးဗစ် .."

"Good Luck .."

"Thanks .."

ဒေးဗစ်ကလည်း ဝီလျံပျော်နေတာကိုကြည့်၍ ပြုံးနေသည်။

"သားလမြတ် မေမေတို့နဲ့လိုက်ခဲ့အုံး .."

"ဟုတ်မေမေ .."

လမြတ်ဝါဆို ဒေါ်မိုးထက်စံခေါ်ရာနောက် လိုက်သွားလေသည်။

"အိုးဒါလေးက မမိုးရဲ့သမက်လေးပေါ့ .."

"ဟုတ်ပါ့ရှင် ကျွန်မရဲ့အဖိုးတန်သမက်လေး .."

"သား သူတို့ကမေမေတို့နဲ့ အတူတူစီးပွားရေး လုပ်ငန်းတွဲလုပ်တဲ့ ပါတနာတွေ .."

𝐿𝑎 𝑀𝑦𝑎𝑡 𝑊𝑎𝑟𝑠𝑜'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑 , 𝑀-𝑝𝑟𝑒𝑔 {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now