အမုန်းဓားသွားထက်ကအချစ်ပျားရည်(part6)

253 17 0
                                    

လွမ်းဒီနေ့တစ်နေ့လုံးမောင်နဲ့အတူစျေး၀ယ်ထွက်ခဲ့လေသည်။

နေ့မသွားချင်ဘူးပြောတာကိုအကိုဖြစ်သူကိုဖုန်းဆက်တိုင်မယ်ဟုလုပ်နေတာကြောင့်အကိုအလုပ်ရှုပ်မယ်ဆိုးတာကြောင့်စူပါမားကတ်သို့ပို့ဆောင်ပေးလိုက်သည်။

နေ့လက်ကိုတွဲကာအသီးတန်းဘက်သွားလိုက်၊မုန့်တန်းဘဲသွားလိုက်။အကျီဆိုင်ကို၀င်လိုက်...

နေ့နဲ့လိုက်တဲ့ဘောင်းဘီတွေ၀ယ်မယ်လုပ်တော့နေ့မကြိုက်တာကြောင့်စိတ်တိုပြီးအော်လိုက်လေသည်။

သူမကဘာမှမဖြစ်သလိုနဲ့အေးဆေးပင်..

နေ့တို့လျှောက်ပတ်ကြည့်ရင်းတစ်နေရာရောက်တော့ရင်းနှိးတဲ့ကျောပြင်ကြောင့်နေ့လှမ်းခေါ်လိုက်လေသည်။

နေ့ - ''မြူ..''

မြူလည်းအ၀တ်ဆိုင်မှာသူငယ်ချင်းကိုစောင့်နေရင်းကို့အသံကြားတာကြောင့်အနောက်သို့လှည့်ကြ်ညလိုက်တော့ကိုကဟိုမိန်းမနဲ့အတူရှိနေလေသည်။မြူလည်းကို့ဆီကိုလျှောက်လာပြီး..

မြူ - ''ကိုစျေး၀ယ်ထွက်လာတာလား..''

နေ့ - ''ကိုတော့မဟုတ်ဘူးကို့အကိုပေါ့မရီးကိုogပြပေးဖို့ရက်ချိန်းရှိတယ်ဆိုပြီးမရီးကိုလိုက်ပို့ပေးရင်းပြန်လာတော့မရီးကအသီးတွေ၀ယ်ချင်တယ်ဆိုလို့လိုက်ပို့ပေးတာ..မြူရောစျေးလာ၀ယ်တာလား..''

ကို့လက်ကိုတွဲထားသောထိုမိန်းမလက်ကိုမြူကြည့်ပြီး..

မြူ - ''ဟုတ်တယ်ကိုရဲ့မြူသူငယ်ချင်းမေဦးပေါ့ဒီနေ့ပျင်းတယ်ဆိုပြီးလာခေါ်တာနဲ့ဒိဘက်ကိုရောက်လာခဲ့တာအခုသူကသန့်စင်ခန်းသွားနေလို့စောင့်နေတာ...''

နေ့ - ''ဟုတ်လားအဲဆိုကိုလည်း၀ိုင်းစောင့်ပေးမယ်လေ...''

လွမ်းအပေါ်မှာသူစိမ်းတစ်ယောက်လိုဆက်ဆံပေးခဲ့သောမောင်မှာအခုဒီကောင်မလေးရှေ့မှာအရမ်းချစ်တတ်သောသူတစ်ယောက်လိုဖြစ်သွားခဲ့သည်။

မောင်ရယ်လွမ်းကိုအဲလောက်တောင်မုန်းနေလားကွယ်....သူမအရှေ့တွင်ချစ်ပြနေသောမောင်တို့ကိုသူမမကြည့်နိုင်တော့ချေ။ကြည့်နေရင်ရင်တွေနာရသည်။

လွမ်း - ''မောင်..sorryနေ့ ..မမပင်ပန်းလာလို့အိမ်ပြန်နားချင်ပြီး..''

နေ့ - ''မြူကိုမရီးကိုပို့ပြီးပြန်လာခဲ့မယ်နော်မြူတို့ကြေးအိုးဆိုင်မှာစောင့်နေကြနော်...သွားပြီးမြူချစ်တယ်..''

မြူ - ''အင်းကိုမြူစောင့်နေမယ်ချစ်တယ်နော်အမလွမ်းဂရုစိုက်ပါနော်...''

လွမ်း - ''အင်း''

လွမ်းနေ့လက်ကိုတွဲကာကားရှိရာသို့လျှောက်လာခဲ့လေသည်။...

လွမ်း - ''မောင်..မောင်အဲကောင်မလေးကိုအရမ်းချစ်တာလားဟင်..''

နေ့ -''အရမ်းချစ်တာထက်ကိုပိုတယ်..''

လွမ်း - ''အဲဆိုလက်ထပ်ဖို့အထိတွေးထားတာလား..''

နေ့ - ''ဟုတ်တယ်ကျနော်သူ့ကိုသိပ်ချစ်တယ်လက်ထပ်ဖို့အထိရည်ရွယ်ထားပြီးသားမရီး..''

လွမ်း - ''အဲဆိုတို့ကိုရောမချစ်ဘူးလားဟင်မောင်..''

နေ့ - ''ဒေါ်လွမ်းတေး၀ေခဗျားဘာတွေအရူးထပြန်တာလဲကျနော်ကခဗျားကိုမရီးတစ်ယောက်ထက်မပိုဘူး..''

နေ့ပြောပြီးကားစက်နှိုးကအိမ်သို့မောင်းပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်၀ယ်ထားတဲ့ပစ္စည်းတွေချပြီးမြူ့ဆီကိုသွားဖို့လုပ်တော့အနောက်ကနေသူ့အားသိုင်းဖက်လာတာကြောင့်နေ့ထိုလက်ကိုဖယ်ချလေသည်။

နေ့ - ''ခဗျားဘာလုပ်တာလဲ..ဖယ်စမ်း..''

လွမ်း - ''မဖယ်ဘူးမောင်..မသွားပါနဲ့သူ့ဆီကိုမသွားပါနဲ့...''

နေ့ - ''ကျနော်ချစ်သူဆီကိုသွားတာခဗျားနဲ့ဘာဆိုင်လို့လဲ...ဖယ်စမ်းကွာ..တောက်!!''

လွမ်း -''တိူ့ကိုချစ်တယ်ပြောမှလွှတ်ပေးမယ်မောင်..''

နေ့ - ''သေတောင်မပြောဘူးခဗျားကိုကျနော်အရမ်းမုန်းတယ်ဒေါ်လွမ်းတေး၀ေ...လွှတ်စမ်း...''

နေ့ထိုမိန်းမလက်ကိုဖယ်ချပြီးကားဖြင့်ချစ်သူရှိရာသို့ထွက်လာခဲ့လေသည်။.

################################

အမုန်းဓားသွားထက်ကအချစ်ပျားရည်(or)ချစ်ပန်း၀ေသောအမုန်းပင်လယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ