အမုန်းဓားသွားထက်ကအချစ်ပျားရည်(part34)

316 15 0
                                    

၅နှစ်ကြာပြီးနောက်..

ဆောင်းအလုပ်လုပ်နေရင်းသူမရုံးခန်းထဲသို့၀င်လာသောသူကြောင့်သူမထိန့်လန့်သွားခဲ့ရသည်။

ဆောင်း - ''ဟင်!!!နေ့အက္ခရာ...''

နေ့ထွက်ပြေးဖို့လုပ်တဲ့သူမခါးလေးကိုအနောက်ကနေဆွဲဖက်လိုက်သည်။

နေ့ - ''နောက်ဆုံးတော့ကိုမင်းကိုရှာတွေ့ခဲ့ပြီးဆောင်း..မင်းကို့ဆီကနေပျောက်သွားခဲ့တာကိုဘယ်လောက်နာကျင်ရလဲမင်းသိလားကိုရူးမတတ်ဖြစ်ခဲ့ရတာကွ....''

ဆောင်း - ''ရှင်ကျမကိုအခုလိုပြုမူနေတာကျမယောကျာ်းတွေ့ရင်မကောင်းဘူး..ရှင်ဖယ်ပါ..''

နေ့အက္ခရာဆောင်းဆီကစကားတွေကြောင့်ဒေါသများလွှမ်းမိုးသွားရသည်။

နေ့ - ''ဘာ!!!ဆောင်းမင်းဘာပြောလိုက်တာလဲပြန်ပြောစမ်း...''

ဆောင်း - ''ဟုတ်တယ်ဆောင်းနဲ့မိုးညလက်ထပ်လိုက်ပြီး..''

နေ့ - ''မင်းကိုကိုဒီလောက်ချစ်တာကိုမင်းကွာ..မင်းဘာလို့အဲလိုလုပ်ရတာလဲဆောင်း...''

ဆောင်း - ''ရှင့်ကိုအရမ်းမုန်းလို့..အရမ်းမုန်းလို့...ကျမရှင့်ကိုချစ်တယ်လို့ထင်ခဲ့တာလား..အဲဒါတွေကအတုယောင်တွေဘဲနေ့အက္ခရာကျမညီမအတွက်ရှင့်ကိုကလဲစားချေချင်လို့ရှင်တို့မိသားစုကိုပြိုကွဲအောင်လုပ်လိုက်တာကျမတကယ်တော့ရှင့်ကိုမချစ်ဘူး''

နေ့ - ''အဲဆိုဘာလို့မှားခဲ့တဲ့ညကကို့ကိုလက်ခံခဲ့တာလဲဆောင်း..ကိုမေးနေတယ်လေ..''

ဆောင်း - ''ဘာလို့လက်ခံတာလဲဟုတ်လား..အဲနေ့ညကကျမအသိစိတ်လွတ်နေခဲ့တာလေ...ကျမချစ်တယ်ပြောတဲ့စကားကအဲညကအလကားပါဘဲဘောင်မ၀င်ဘူးနေ့အက္ခရာ...''

နေ့ - ''မင်းအဲနေ့ညကကို့ကိုလက်ခံလိုက်တာဟာကို့ကိုချစ်နေတယ်ဆိုတာဘဲ...ကိုမင်းကိုမိုးညလက်ထဲကပြန်ယူပြမယ်...''

နေ့နဲ့ဆောင်းတို့ရန်ဖြစ်နေတုန်းရုံးခန်းထဲကို၀င်လာသောကလေးမလေးတစ်ယောက်အသက်အားဖြင့်၅နှစ်လောက်သာရှိမည်။ကလေးမလေးဟာနေ့တိူ့ပြူးကြောင်ကြောင်နဲ့ကြည့်နေပြီး..

ဆောင်း - ''သမီးလေးတစ်ယောက်ထဲလားသမီးပါးပါးရော..''

မေ - ''မေမေပါးပါးကအလုပ်ကိစ္စရှိလို့တဲ့..''

နေ့ထိုကလေးမလေးကိုကြည့်နေရင်းနေ့နဲ့တူနေသလိုထင်ရတာကြောင့်..ကလေးမလေးအနားမှာဒူးထောက်ထိုင်ချကာ..

နေ့ - ''သမီးလေးနာမည်ကဘယ်လိုခေါ်လဲ..''

မေ - ''ဆောင်းနှင်းမေပါဦးဦး...ဦးဦးနာမည်ကရောဘယ်လိုခေါ်လဲဟင်..''

နေ့ပြုံးလိုက်ပြီး - ''ဦးဦးနာမည်ကနေ့အက္ခရာတဲ့...သမီးလေးကအရမ်းချစ်ဖို့ကောင်းတာဘဲ..''

ဆောင်း - ''သမီးမေမေပြောထားတယ်လေသူစိမ်းနဲ့အရောတ၀င်မနေပါနဲ့ဆို..''

မေ - ''မေမေကလည်းဦးဦးကလူဆိုမဟုတ်ပါဘူး...နော်ဦးဦး..''

နေ့ - ''ဟားဟားစကားအရမ်းတတ်တာဘဲကွာ..''

ဆောင်း -''ရှင်ကျမသမီးအနားကနေ၀ေး၀ေးမှာသွားနေ...''

နေ့ - ''ဆောင်းကိုမေးစရာရှိတယ်..သမီးလေးကကိုနဲ့တူနေသလိုဘဲနော်..ကြည့်ရတာကို့သမီးများလား..''

ဆောင်း - ''ရူးနေလို့လား..သမီးလေးကဆောင်းရဲ့သမီးရှင့်သမီးမဟုတ်ဘူး...''

နေ့ - ''အေးလေအဲဆိုလည်းကိုသမီးလေးကိုDNAစစ်ကြည့်ကြတာပါေ့...''

နေ့အဲလိုပြောတော့ဆောင်းမှာချက်ချင်းတားလေသည်။

ဆောင်း- ''ဘာလို့dnaစစ်ရမှာလဲကျမသမီးနဲ့ရှင်ကဘာမှမပတ်သက်ဘူး..ရှင်ထွက်သွား!!!''

နေ့ - ''သွားမှာပါအချစ်ရယ်..ကိုသမီးလေးနဲ့စကားပြောပါရစေအုန်း.သမီးလေး..နောက်နေ့ကျရင်ဦးဦးတို့ကစားကွင်းသွားကြမယ်နော်...''

မေ - ''ရေး..မေမေဦးဦးကကစားကွင်းလိုက်ပို့ပေးမယ်တဲ့....''

ခုန်ပေါက်အူးမြူနေသောသမီးလေးကိုကြည့်ပြီးဆောင်းတွေးမိသွားသည်။သမီးလေးကမိုးညနဲ့ကစားကွင်းသွားတာတောင်အခုလောက်မပျော်ဘူးနေ့နဲ့ကစားကွင့်သွားရမယ်ဆိုတော့ဘာလို့ဒီလောက်တောင်အူးမြူးနေတာလဲ..

ဪသွေးကစကားပြောတာဒါလား...

ပျော်ရွှင်နေတဲ့သမီးလေးကိုကြည့်ပြီးသူမအတ္တကြီးနေမိပြီလားဆောင်းကိုယ့်ကိုကိုယ်တွေးမိသွားသည်။

################################

အမုန်းဓားသွားထက်ကအချစ်ပျားရည်(or)ချစ်ပန်း၀ေသောအမုန်းပင်လယ်Where stories live. Discover now