အမုန်းဓားသွားထက်ကအချစ်ပျားရည်(part39)

337 17 0
                                    

ဆေးရုံမှာနေ့ဆေးကုသမှုခံယူနေခဲ့တာ၄လပင်ပြည့်တော့မည်။နေ့ဒဏ်ရာတွေဟာသက်သာသလောက်တော့ရှိနေပါပြီးနေ့တစ်ခုဘဲမသက်သာတာ...အဲဒါကတော့နေ့ကိုယ်တိုင်အတိတ်တစ်ခုခုခေါင်းထဲမှာရိပ်ခနဲပေါ်လာခြင်းကြောင့်ခေါင်းကိုက်နေတာပင်..နေ့တိုင်းလိုလိုရက်ဆက်ဖြစ်နေတာကြောင့်ဆရာ၀န်ကအတိတ်မေ့နေတာသတိပြန်ရနိုင်တယ်တဲ့...

ဆောင်းဆေးရုံထဲ၀င်လာတော့နေ့ကဆေးရုံရဲ့စကြ့်န်မှာလမ်းလျှောက်ထွက်နေတာကိုတွေ့ရလေသည်။

ဆောင်းနေ့ဆီသို့သွားကာလက်မောင်းလေးကိုခိုတွဲရင်း..

ဆောင်း - ''ကိုအခုတလောခေါင်းကိုက်နေသေးလားဟင်...''

နေ့ - ''ဟုတ်ကဲ့ကျနော်နေ့တိုင်းလိုလိုရက်ဆက်ခေါင်းကိုက်နေတာဆရာ၀န်ခနကကျနော့်ကိုလာစမ်းသပ်ပြီးပြောလာတာတော့ကျနော့်ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တစ်ချို့ကိုပြန်မှတ်မိနိုင်တယ်တဲ့...''

ဆောင်း - ''တကယ်လား..ကိုအဲဆိုကိုဆောင်းကိုပြန်မှတ်မိနိုင်ပြီးပေါ့...အရမ်းပျော်တာဘဲကိုရယ်....''

နေ့ကတော့ဘာမှမသိဘဲခေါင်းသာငြိမ့်ပြရယ်နေလိုက်သည်။

ဆောင်းနေ့ပုခုံးပေါ်မှီလိုက်ရင်း ''နေ့သိလားဆောင်းလေနေ့ဆီကနေထွက်လာခဲ့နေ့ကနေစပြီးနေ့ဆောင်းရင်ထဲမှာနေရာယူထားခဲ့ပြီး..ဆောင်းမသိလိုက်ချိန်မှာဘဲဆောင်းနှလုံးသားဟာနေ့ကိုအရမ်းစွဲလန်းသွားခဲ့တယ်..ညီမလေးကြောင့်နေ့ကိုမုန်းချင်ပေမယ့်ဆောင်းနှလုံးသားလေးဟာမမုန်းခိုင်းခဲ့ဘူး..နေ့..ဆောင်းနေ့ကိုအရမ်းချစ်တယ်နော်..''

နေ့ - ''ကျနော်အခုချိန်မှာအမကိုမသိသေးပေမယ့်ကျနော့်ခံစားနေရတယ်အမဟာကျနော့်အတွက်အရေးကြီးဆူံးလူတစ်ယောက်ဆိုတာကျနော်သိနေတယ်..ကျနော်အမကိုတွေ့တိုင်းရင်ခုန်နေမိတာကိုကျနော်မလိမ်ရဲပါဘူး..''

ဆောင်း - ''ကို့ဆီကဒီစကားကိုကြားရတာဆောင်းအရမ်းပျော်တာဘဲ..ကိုလည်းဆောင်းကိုအရမ်းချစ်နေမယ်ဆိုတာဆောင်းသိတယ်..''

ရင်ခွင်ခေါင်းတိုး၀င်လာသောသူမကိုယ်လေးကိုနေ့ဖက်ထားပြီးလှပသောညနေဆည်းဆာကိုမြင်ကွင်းတစ်ဆုံးကြည့်နေခဲ့လေသည်။

အမုန်းဓားသွားထက်ကအချစ်ပျားရည်(or)ချစ်ပန်း၀ေသောအမုန်းပင်လယ်Dove le storie prendono vita. Scoprilo ora