ဟန် ကိုကိုနဲ့အတူ ကိုကို့ရုံးခန်းထဲ ဝင်လာစဉ် ပထမဆုံး တွေ့လိုက်ရတာက ဆိုဖာပေါ်မှာ ထိုင်လျက် ရှိနေတဲ့ ဉာဏ်အလင်းဆိုတဲ့သူ
ထိုလူက ကိုကို့ကို မြင်တာနဲ့ မျက်နှာက အလိုလို ပြုံးယောင်သမ်းသွားပြီး ဟန့်ကို မြင်လိုက်ရချိန်တွင်တော့ ခုနက မျက်နှာနဲ့ ဆန့်ကျင့်ဘက် နှုတ်ခေါင်းရှုံသွားတာကို ဟန် အမိအရ တွေ့လိုက်ရသည်။
'မရိုးသားတဲ့စိတ်တွေက သိသာလိုက်တာ ခင်ဗျားရယ်...'ဉာဏ်အလင်း ရုံးခန်းထဲဝင်လာတဲ့ မိုးညကို မြင်လိုက်တော့ ပြုံးကာ နှုတ်ဆက်လိုက်ပေမဲ့ မိုးညနောက်က ကပ်ပါလာတဲ့ အရှုပ်ထုပ်ကို မြင်ချိန်တော့ နှုတ်ခမ်းရှုံလိုက်သည်...ဒါကို အဲ့ဒီအရှုပ်ထုပ်ကလည်း သိပုံပေါ်ပါတယ် သူ့ကို ဂျိုစောင်း ပြန်ကြည့်လာတယ်လေ...
သိပ်ပြီး တော့ အဖတ်မလုပ်ချင်တော့တာကြောင့် ထိုင်ခုံပေါ်က ကော်ဖီ၂ခွက်ကို ကောက်ယူကာ မိုးညနား သွားလိုက်ပြီး...."မိုးည ရော့ မင်းကြိုက်တဲ့ Ice Americano..."
"အေး ဟေ့ရောင် ကျေးဇူးပဲ.."
ဉာဏ်အလင်း မိုးညထံ ခေါင်းငြိမ့် ပြုံးပြလိုက်ပြီး၊ ဘေးနားက အကြည့်စူးစူးကို ခံစားလိုက်ရတာကြောင့်...
"ကောင်လေး မင်းအတွက်တော့ မပါဘူး...
ဆောရီးကွာ....အခုလို ကပ်ပါလာမယ် မထင်လို့..""ရပါတယ် ကျွန်တော်လည်း အဲ့လိုဟာတွေ အတင်းသောက်ပါလို့ ထိုးတိုက်ရင်တောင် သောက်တတ်တဲ့သူ မဟုတ်တော့လေ..."
"ဟုတ်တယ် ဉာဏ်ကြီးရ၊ ဟန်က ကော်ဖီမကြိုက်ဘူးလေ ..."
"ကြိုက်ရင်တောင် ခင်ဗျားပေးရင် သောက်မှာမဟုတ်ဘူး.."
"ဟမ် အမ်း ငါလည်း မင်းကို ဝယ်တိုက်ဖို့က ဝေးမှ ဝေးသေးကွာ...စေတနာ မထားချင်စရာလေးလေ
...""ခင်ဗျား!!"
မိုးည ဒီနှစ်ယောက်အကြောင်းကို သိထားသူမို့ ရန်ဖြစ်သံတွေနဲ့ အသားကျနေသော်လည်း သူမတားရင် ဒီဇာတ်လမ်းက ပြီးမှာ မဟုတ်တာကြောင့်
"တော်ကြတော့ နှစ်ယောက်လုံး"
ထိုအခါမှ နှစ်ယောက်လုံး ငြိမ်ကြသွားပြီး ဉာဏ်ကြီးထံမှ....