Part(5)

420 24 1
                                    

#Unicode

တောင်ကြီး ညဈေးတန်းဘက်ကို မရောက်တာ ကြာပြီလို့ ဟန် တက်ကြွနေလေသည်။ မိုးညကတော့ အလုပ်ကြောင့် ပင်ပန်းထားသမျှကို ဘေးနားက တက်ကြွနေတဲ့ ဟန့်ကိုသာ ငေးကြည့်နေရင်း ဖြေသိမ့်နေလေသည်။

ညဈေးထဲရောက်တော့ ငါးပေါင်း၊ ငါးထမင်း ၊ ဟင်းထုပ်နဲ့ တောင်ကြီးရှမ်းခေါက်ဆွဲအပြင် ရှမ်းတို့ဟူးကြော်နဲ့တခြားသော သရေစာ မျိုးစုံကိုပါ ဝယ်စားကြသည်။ ရှမ်းပြည်မှာ ရှမ်းစာစစ်စစ်တွေ စားရခြင်းဟာ တကယ်ကို မတူညီတဲ့ အရသာကို ပေးစွမ်းနိုင်စွမ်းရှိတာကြောင့် ဒီနေ့ ညစာအပေါ် မိုးညရော ဟန်ရော အလွန်ကျေနပ်မိလေသည်။

အစား စားပြီးနောက် အနီးနားက ပန်းခြံနား ခဏ လမ်းလျှောက်ထွက်ကြရင်း....
"ကိုကို ဟန်လေ ဒီနေ့ အရမ်းပျော်တာပဲ သိလား"

"ဘာလို့လဲ ပြောပါဦး"

"ဟိုနေ့ကထိ ကိုကိုက စိတ်ဆိုးနေတာလေ စကားလည်း သေချာမှ မပြောတာကို..."

"တော်ပြီ အဲ့ပြသာနာ ကိုယ် ပြန်ပြီး အစမဖော်ချင်ဘူး"

"အင်းပါ ဘာပဲဖြစ်ဖြစ် ကိုကိုနဲ့ အခုလို လျှောက်လည်ရတာ ဟန် အရမ်းပျော်တာပဲ ..."

ဟန့်စကားကြောင့် မိုးည ပြုံးလိုက်ရင်း....

"မင်း ပျော်နေရင်ပဲ ရပါပြီ..."

"ကိုကို မနက်ဖြန်ရော ဆိုက်ထဲ သွားရအုံးမှာလား"

"အင်း အလုပ်တွေက အများကြီး ကျန်သေးတယ်လေကွာ..."

ဟန် နှာခေါင်းသာ ရှုံပြလိုက်ရင်း....

"အလုပ်များတဲ့ လူကြီးကို ချစ်မိတော့လည်း အထီးကျန်တဲ့ ဒဏ်ခံရမှာပေါ့နော်...."
မိုးည ဟန့် နဖူးကို လက်ညှိုးနဲ့ အသာ‌ တောက်လိုက်ရင်း...

"ဘာပဲဖြစ်ဖြစ် ဒီအဆိုးလေးကို ရသလောက် အချိန်ပေးနေတာပဲမလား...."

"ပိတ်ရက်ကျ နားတယ်မလား အဲ့ကျ လည်ဖို့ နေရာကို ဟန် ကြိုစဉ်းစားထားလိုက်တော့မယ်...."

"ဟုတ်ပါပြီကွာ...ကဲ အခုတော့ မိုးတော်တော်ချုပ်နေပြီမို့ အိမ်ပြန်ကြစို့..."

ဟန် ခေါင်းငြိမ့်ပြလိုက်ရင်း ကိုကိုနဲ့အတူ ကားစီးကာ တောင်ကြီးရဲ့ ညဘက်မြို့ပြအလှကို ရှုစားရင်း တည်းခိုအိမ်ရှိရာသို့ ပြန်ခဲ့ကြတော့သည်။

HAN(ဟန်)Where stories live. Discover now