Part-15

11.2K 336 3
                                    

🏡Uni

  ခွပ်!

နယ်ကပြန်ရောက်ရောက်ခြင်း နေမာန် ထက်မြတ်တို့အိမ်ကိုဝင်လာပြီး အိမ်ကလူကို ဝင်ခေါ်ခြင်းဖြစ်သည်။ဒါပေမယ့် ထိုလူသားကို မတွေ့ရပဲ ရောက်ရောက်ခြင်းထိုင်ကာစတွင်
သန့်စည်ဆိုသည့်ကောင်လေးဆီမှ အထိုးခံလိုက်ရခြင်းဖြစ်သည်။

"ဟာ့! မင်းကများ ကဲကွာ "

ကိုယ့်ထက်ငယ်တဲ့လူက အရင် လာစော်ကားနေခြင်းကြောင့် ဘယ်လိုမှသည်းမခံနိုင်ပဲ နေမာန် ပြန်ပြီးထိုးပစ်လိုက်သည်။

ခွပ်!

"အာ့!"

"ခင်များ....

သန့်စည်ပြန်ထိုးမည်အလုပ်တွင် နောက်က ဝင်ဆွဲသည့်သူကြောင့် လက်တစ်ဖက်မှာ ဦးတည်ရာကို မရောက်တော့။

"ခင်များ ကျွန်တော့ကိုလွှတ်။ကျွန်တော် ဒီလူကို သတ်မှာ"

"ပြသ္သနာကို ဒီလိုဖြေရှင်းလို့မရဘူး သန့်စည်ဟိန်း စိတ်အေးအေးထားစမ်းပါ"

"ဘာပြသ္သနာလဲ မင်းတို့ဘာတွေပြောနေကြတာလဲ။'

"အဟွန်း ခင်များမို့မေးရဲသေးတယ်နော်။ခင်များတို့ညီအကိုနှစ်ယောက်လုံးကလေ ရုပ်တွေသာမတူကြတာ စိတ်ဓာတ်ယုတ်ညံ့တာတော့ တစ်ကယ်ကို တစ်ပုံစံတည်းပဲ။"

"ဘာကွ..... မင်း"

အသားလွတ်ကြီးလာထိုးပြီးကိုယ့်ကိုတင်မဟုတ်ပဲ သေသွားတဲ့ညီကိုပါစော်ကားနေသည့်မို့ သည်းမခံနိုင်တော့ပဲ ရင်ဘတ်က အက်ျီစကိုစောင့်ဆွဲပြီး မျက်နှာကိုထိုးမည် အပြုတွင်

"အဟွန်း ဘာလဲ အနာပေါ်တုတ်ကျလို့ နာသွားတာလား"

"ဒီမှာ မင်းဘာကိစ္စပြောနေတာလဲ ငါမသိပေမယ့် ငါ့ညီကိုဆက်ပြီး စော်ကားနေဦးမယ်ဆိုရင် ငါသည်းခံမှာမဟုတ်ဘူး"

"အဟွန်း အကိုလုပ်တဲ့လူက အိမ်ထောင်ရေး
ဖောက်ပြန်ပြီး မျက်နှာပြောင်နဲ့ ယောသံကိုပြန်လာခေါ်တယ်။ညီဖြစ်သူကဆေးစွဲနေတဲ့အပြင် အကြမ်းဖက်ပြီး မုဒိမ်းကျင့်ဖို့ပါကြိုးစားခဲ့တဲ့ကောင်။အဲ့လိုလူမျိုးတွေကို ကျုပ်က လေးလေးစားစား ဆက်ဆံပေးရမှာလား ရီရတယ်"

moneWhere stories live. Discover now