Part-22

9.3K 267 6
                                    

🏡Uni

"မောင် ...ထတော့လေ မောင်ရဲ့။အလုပ်သွား
ရမှာမို့လား။"

"ဟင်းးးးအင်းးး"

မထသေးပဲ တောင်လှိမ့်မြောက်လှိမ့်နှင့် လုပ်
ကာ လာနိုးသည့်သူကိုပင် လက်ကဆွဲပြီး ရင်ခွင်ထဲဆွဲထည့်လိုက်သေးသည်။

"မောင်"

"ငြိမ်ငြိမ်နေကွာ အချစ်ရာ။၁၅ မိနစ်လောက်ပဲ
နော်။"

"အွန်း"

မောင်ပြောသည့်အတိုင်း ၁၅မိနစ်ငြိမ်နေပေးလိုက်သည်။၁၅မိနစ်ပြည့်သည့်အချိန်ထိ
မလှုပ်သည့်သူကြောင့်.....

"မောင်ရေ...မောင်လို့။မောင်ရေ။ အချစ်ဆုံးကြီးရေ။ယောက်ျားရေ လို့...."

အာ့!

ဖက်ထားရာကနေ ချက်ခြင်းထပြီး လူပေါ်အုပ်မိုးလာသည်မှာ ရုတ်တစ်ရက်ပင်။ကိုယ့်မှာသာ ဘာဖြစ်သွားမှန်းမသိသည်မို့​ကြောင်
တောင်"နှင့် မော့ကြည့်နေမိသည်။

"ပြန်ခေါ်ပါဦးကွာ နောက်တစ်ခွန်းလောက်"

"ဟင်...ဘာ ဘာကိုလဲမောင်"

"ဟာကွာ။ခုနကလို ယောက်ျားလို့ ထပ်ခေါ်ကြည့်ပါဦး"

"သြော်"

"မသြော်နဲ့ ခေါ်ပါဆိုကွာ"

"မခေါ်ချင်ပါဘူး ရှက်စရာကြီးမောင်ကလည်း။"

"ခေါ်ကြည့်ပါကွာ မောင်ကြားချင်လို့နော်။နော်လို့...နော်"

ကပ်ချွဲနေသူ၏ မျက်ဝန်းတည့်တည့်ကြည့်ကာ....

"တစ်ခွန်းပဲနော်"

"အွန်း"

အချိန်ခဏကြာအောင် မောင့်မျက်ဝန်းတွေကို
စိုက်ကြည့်ပြီးကာမှ...

"ယောက်ျား"

"ဟာကွာ ရှက်လိုက်တာ။ရူးရချည်ရဲ့ကွာ"

ခေါ်လိုက်သည်နှင့် ချက်ချင်း လည်ပင်းနားခေါင်းဝှက်ကာ လှုပ်ရွနေသည့်သူကြောင့် အောက်ကရောက်နေသူမှာမသက်သာလှ။

"မောင်ယော နာနေပြီ"

"သြော် sorry မောင်မေ့သွားလို့"

ထိုအခါမှ ဘေးသို့ လှိမ့်ချပေးသည်။လူကိုတော့မလွှတ်သေး။

"ရေသွားချိုးတော့လေ မောင်။ယော အောက်မှာ စောင့်နေမယ်နော်။"

moneWhere stories live. Discover now