Chapter One

419 15 0
                                    

Story: Tang Qi

Book Title: 三生三世枕上书之梦回洪荒远

Pillow Book of Samsara: Back to Chaos in Dream

English Translator : Elodsoompi Team

Co Translator - Su Yadanar Win

Encode - Maybel_94

CHAPTER ONE

ရှုပ်ထွေးလွန်းလှတဲ့​ခေတ်ဆိုးကြီးရဲ့အစဟာ လွယ်ကူ​နေ​တာ​တော့မဟုတ်ခဲ့​ချေဘူး။ကောင်းကင်နဲ့​မြေကြီးဟာ ပုံသဏ္ဍာန်ရယ်လို့သတ်သတ်မှတ်မှတ်မရှိဘဲ ကြက်မတစ်​ကောင် ဥ,ဥ တဲ့ဝပ်ကျင်းလိုပဲ   ရှုပ်ထွေးရောနှောနေပြီး  အဲ့သည်ဥကနေ ရှေးဟောင်းနတ်ဘုရားတစ်ပါးပေါက်ဖွားလာခဲ့​လေတယ်။ သူ့ကတော့ ဒဏ္ဍာရီလာ ပထမဆုံး​ရှေး​ဟောင်းနတ်ဘုရားပန်ကုပဲဖြစ်သည်ပင်။

နတ်ဘုရား ပန်ကုဟာ သူ့ရဲ့မျက်လုံး​တွေကိုဖွင့်ဖွင့်ချင်းမှာမြင်တွေ့ရတဲ့ ကမ္ဘာဦးကပ်ဆိုးတွေကို သည်းမခံနိုင်​လောက်​အောင်ဖြစ်သွားပြီး သူ့ရဲ့လက်အစုံကို ပုဆိန်တစ်စင်းသဖွယ်​ပြောင်းလဲလို့ ကောင်းကင်နဲ့​မြေကြီးကို ထက်ခြမ်းခွဲချလိုက်​တော့ရဲ့။

အဲ့သည့်အချိန်ကစလို့  ကမ္ဘာ​ပေါ်မှာ နယ်​မြေရှစ်ခု၊ ကောင်းကင်တစ်ခု မြေကြီးတစ်ခုဆိုပြီးစတင်တည်ရှိလာ​တော့သည်။ ​ကောင်းကင်နဲ့​မြေကြီးကို ထက်ခြမ်းခွဲတယ်ဆိုတာ အင်မတန်မှအားသုံးရတဲ့ကိစ္စတစ်ခုပဲ။  ဒါကြောင့်ပဲ ပန်ကုနတ်ဘုရား ဟာ ကောင်းကင်နဲ့​မြေကြီးကို ခွဲခြမ်းပြီးမှာပဲ သူ့ရဲ့နတ်စွမ်းအင်အဆီအနှစ်​တွေကိုဆုံးရှူံးရပြီး  လောကကြီးကနေ ​ပျောက်ကွယ်သွား ပါတော့ရဲ့။ သူ့ရဲ နတ်အစွမ်းတွေကို မိုးကောင်းကင်နဲ့​မြေကြီးက စုပ်ယူသွားပြီး​နောက်  ​ရှေးအကျဆုံး​သော ပဏာမနတ်ဘုရားတွေ မွေးဖွားလာခဲ့သည်ပင်။

အားလုံးထဲမှာ အစွမ်းအထက်ဆုံးက​တော့ စကြာဝဠာရဲ့ ဖခင်နဲ့မိခင်ပါပဲ။ ဖခင်နတ်ဘုရားနဲ့မိခင်နတ်ဘုရားဟာလူပုံစံအသွင်ကိုယူလို့အပြီးမှာ​တော့ ပန်ကုနတ်ဘုရား ချစ်ရစ်ခဲ့တဲ့ ဖန်တီးခြင်းတာဝန်​တွေကို ဆက်လက်လုပ်​ဆောင်ခဲ့တော့သည်။

ကောင်းကင်ဘုံရဲ့ ဥပ​ဒေကိုလိုက်နာလို့ သူတို့ဟာ  သမုဒ္ဒရာ​လေးစင်းကို​ရွှေ့​ပြောင်း၊ စကြာဝဠာ​​ခြောက်ခုကိုတည်​ဆောက်လို့ ၊ ကန္တာရရှစ်ခုကို ဖန်တီးကာ ပုံသဏ္ဍာန်မကျဖြစ်​နေတဲ့ ကမ္ဘာကြီးကို​ကောင်းကင်နဲ့​မြေကြီးဆိုပြီး တိတိကျကျကိုပဲပိုင်းခြားသတ်မှတ်နိုင်ခဲ့သည်။ ​နောက်ပိုင်းမှာ ​​နေရယ် လရယ် ကြယ်တာရာ​တွေရယ်နဲ့ဖွံ့ဖြိုးလာခဲ့ပြီး ​နေ့​တွေည​တွေကွဲပြားလို့ ဥတု​လေးပါးရယ် ​တောင်တန်း​တွေ ချိုင့်ဝှမ်း​မြေနိမ့်လွင်ပြင်​တွေရယ်နဲ့ မြစ်​၊ပင်လယ် မြက်ခင်းပြင်​တွေနဲ့ စိမ်းစို​နေတဲ့သစ်​တောအုပ်​တွေကအစရှိလာခဲ့သည်။

သုံးဘ၀သုံးကမ္ဘာ : ကမ္ဘာဦးအစအိမ်မက်တမ်းချင်းWhere stories live. Discover now