Chapter Two

84 4 2
                                    


​မြင့်မြတ်တဲ့ပင်လယ်ပြာ ဆိုတာက​တော့ သမုဒ္ဒရာ​လေးစင်းနဲ့ကန္တာရရှစ်ခုအတွင်းမှာ နက်ရှိုင်းလှတဲ့ဝိညာဥ်ဓါတ်​တွေနဲ့ပြည့်ဝ​နေတဲ့ အထွဋ်အမြတ်​နေရာတစ်ခုပါပဲ။ ​ကောင်းကင်ဘုံရဲ့ထိပ်ဖျားမှာ တည်ရှိလို့​နေပြီး ပိုင်ရှင်က သုံဟွာသီကျွင်းပဲဖြစ်ပါတယ်။

အဆင့်မြင့်နတ်ဘုရားကျဲ့ယန်က ​ပင်လယ်ပြာရဲ့ ​ကျောက်သားအတိပြီး​​အောင်​ဆောက်လုပ်ထားတဲ့နန်း​တော်ကြီးအတွင်းက ဖူလင်ပန်းပင်​တွေရဲ့​ပေါင်းမိုး​အောက်မှာ ထိုင်လို့​နေပြီး ကျားထိုး​​နေတဲ့ ​​​ချော​မောလှတဲ့ရုပ်ရည်နဲ့ငွေ​ရောင်ဆံနွယ်တို့ကိုပိုင်ဆိုင်ထားသူ လူငယ်​လေးကို​ငေးကြည့်​နေခဲ့တယ်။ သူက​တော့လွန်ခဲ့တဲ့သုံးနှစ်ခန့်အချိန်တုန်းက ​ကောင်းကင်ဘုံက​နေ ထွက်ခွာလာခဲ့တဲ့ သုံဟွာပါပဲ။ အဆင့်မြင့်နတ်ဘုရားကျဲ့ယန်က သူ့မှာ​မေးခွန်း​တွေအများကြီးရှိ​နေ​ပေမယ့် အခုခန​သောအချိန်အတွင်းမှာ ဘယ်ကစလို့ ဘာကို​မေးရမှန်းမသိ​​အောင်အကျပ်ရိုက်​နေ​တော့သည်။

နတ်မင်း​တွေရဲ့ ရာထူး​ပေးအပ်ခြင်းအခမ်းအနားမှာ အနှီလူငယ်​လေးက ကန္တာရရှစ်ခုရဲ့အဆင့်မြင့်သူ​တော်စင်ရှစ်ပါးထဲက ​​တော်ဝင်ကျောက်စိမ်းတန်ခိုးရှင်, ကမ္ဘာကြီးကိုကယ်တင်​ပေးသူ,ဝဋ်ဒုက္ခများ၏ကယ်တင်ရှင်, ​ထိုက်ချန် တော်ဝင်ခရမ်း​ရောင်နန်း​တော်ရဲ့သုံဟွာ ဆိုတဲ့ ဘွဲ့ရာထူးကို အပ်နှင်းခံထားရ​ပေ၏။ သူ့ရဲ့ရာထူးနဲ့ထိုက်တန်တဲ့ နန်း​ဆောင်တစ်ခုကို ​ဘုံကိုးဘုံရဲ့ ဆယ့်သုံးထပ်​မြောက်​ကောင်းကင်မှာ တည်​ဆောက်​ပေးထားခဲ့ပါတယ်။

ဒါ​ကြောင့်မို့လို့ ​ကောင်းကင်ဧကရာဇ်ဆိုတာဟာ ကန္တာရရှစ်ခုရဲ့အရှင်သခင်ဖြစ်ပြီး သူ့ရဲ့ရာထူးဟာ ​​ကောင်းကင်နဲ့​မြေကြီးမှာရှိတဲ့ မ​သေမျိုး​တွေကို ထိန်းချုပ်ရတာ​ကြောင့် အလွန်ကိုအ​ရေးပါတဲ့ ရာထူးတာဝန်ပဲဖြစ်တယ်။ သုံဟွာက ဆယ့်သုံးထပ်​​မြောက်​ကောင်းကင်ဘုံက ထိုက်ချန်နန်း​တော်မှာ​သုံးလနေပြီး ကိစ္စ​တွေကို အချိန်ကာလတစ်ခုအထိ​ဆောင်ရွက်​ပေးခဲ့တာ လူတိုင်းသိကြပါ၏။ ဒါ​ပေမယ့်လည်း ​မော့ယွမ်နတ်ဘုရား​ပျောက်ဆုံးသွားပြီး ​နောက်တစ်​ရက်မှာပဲ သီကျွင်းဟာ ​ကောင်းကင်ဘုံကိုးထပ်က​နေထွက်ပြီး ကမ္ဘာကြီးကိုအဆက်အသွယ်ဖြတ်လို့ ​ကျောက်စိမ်းနန်း​တော်မှာပဲ ​နေထိုင်​လေ​တော့တယ်။

You've reached the end of published parts.

⏰ Last updated: Aug 30, 2023 ⏰

Add this story to your Library to get notified about new parts!

သုံးဘ၀သုံးကမ္ဘာ : ကမ္ဘာဦးအစအိမ်မက်တမ်းချင်းWhere stories live. Discover now