𝐒𝐲𝐧𝐨𝐩𝐬𝐢𝐬

671 54 3
                                    

ရှောင်းကျန့်သေဆုံးသွားခဲ့သည် ။ မသေဆုံးခင် သူဟာ သူပိုင်ဆိုင်သမျှအရာအားလုံးဖြစ်သော သူ့မိသားစု ၊ ဘိုးဘွားပိုင်ကုမ္ပဏီနဲ့ သူ့ကိုအမြဲအလိုက်တဲ့ သူသိပ်ချစ်ရတဲ့ယောကျ်ားကိုပါ ဆုံးရှုံးသွားခဲ့ရသည် ။

သူဟာ ဘာမဟုတ်တဲ့ သူ့ကိုမနာလိုတဲ့ သူငယ်ချင်းမရဲ့စကားတွေကို နားယောင်ပြီး အမြဲတမ်း သူ့ကိုသိပ်ချစ်ပြီး သူ့အပေါ်အလိုလိုက်အကြိုက်ဆောင်ပေးတဲ့ ယောကျ်ားကို သူကွာရှင်းခဲ့သည် ။

ကွာရှင်းပြီး မကြာခင်မှာပဲ သူ့နားထဲ သတင်းတစ်ခုရောက်လာခဲ့သည် ။ ထိုသတင်းကတော့ သူဆက်ခံနေရတဲ့ဘိုးဘွားပိုင်ရှောင်းကုမ္ပဏီဟာ ဘာမဟုတ်တဲ့ ကျွင်းမိသားစုလက်အောက်ကိုရောက်သွားခဲ့တာပဲဖြစ်သည် ။

ထို့နောက် နောက်ဆက်တွဲသတင်းဖြစ်သော သူ့သူငယ်ချင်းမဖြစ်သော ဝမ်Groupရဲ့တူမအငယ်ဆုံး ဒါရိုက်တာဝမ်မိန်ရမ်နဲ့ သူယောကျာ်းဟောင်းရဲ့ စေ့စပ်ကြောင်းလမ်းခြင်းဆိုတဲ့သတင်းကိုပါသူကြားခဲ့ရသည် ။

ရှောင်းကျန့်သည် ယောကျ်ားဟောင်းနဲ့ကွာရှင်းခဲ့ပြီး ဘိုးဘွားပိုင်ကုမ္ပဏီကိုပါဆုံးရှုံးအောင်လုပ်ခဲ့တာကြောင့် မိသားစု၏စွန့်ပစ်ခြင်းကိုခံရသည် ။ သူ့မိသားစုတွေက သူ့ကို ဆိုးလ်က သူ့အဘိုးအမွေပေးထားတဲ့ အပန်းဖြေအိမ်မှာရှိနေခဲ့တယ်လို့ ထင်ခဲ့ကြသည် ။

အမှန်တကယ်တော့ သူဟာ သူကွာရှင်းပြီး တစ်ပတ်သည့်အချိန်ကစပြီး ရှန်ဟိုင်းက အမှောင်မှိက်ဆုံးမြေအောက်အခန်းတစ်ခုမှာရှိနေခဲ့ခြင်းဖြစ်သည် ။

နေ့တဒူဝ နှိပ်စက်မှုတွေသာခံစားရပြီး အစာဆိုသည်ကား ဘာမှန်းတောင်သူမသိတော့ ။ နေ့စဥ် ဆေးနည်းနည်းချင်းရောထားတဲ့ရေတစ်ခွက်နဲ့ အသက်ဆက်ခဲ့ရသည် ။ 

ဒါ့အပြင် ရေထဲပါဝင်သောဆေးကြောင့် သူ့ခန္ဓာကိုယ်မှာလည်း တဖြေးဖြေးအင်အားချိနဲ့လာခဲ့ပြီး သူ့မျက်ဝန်းတစ်စုံမှာလည်း  အမှောင်မှတစ်ပါး ဘာကိုမှမမြင်နိုင်တော့ ။

ထို့နောက်မှာတော့ သူဟာ ထိုမြေအောက်အခန်းမှာပဲ သွေးအန်ပြီး သေဆုံးသွားခဲ့သည် ။

|| REBIRTH FOR YOU ||Donde viven las historias. Descúbrelo ahora