CH / 01

223 25 6
                                    



" အားလုံးပဲမင်္ဂလာပါ အခုကျွန်မရောက်ရှိနေတဲ့နေရာကတော့ ဝမ်Groupနဲ့ ကျွင်းGroupတို့ရဲ့ မိသားစုနှစ်စုပေါင်းစည်းရေးဖြစ်တဲ့ ဒါရိုက်တာဝမ်မိန်ရမ်နဲ့ဒါရိုက်တာကျွင်းဟော့လန်တို့ရဲ့ မင်္ဂလာဆောင်ပဲဖြစ်ပါတယ် .. အခမ်းအနားကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့အားအကျရဆုံးစီးပွားရေးလောကရဲ့ထိပ်တန်းမိသားစုရဲ့အင်အားကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် .. ကဲ .. ဒါဆိုကျွန်မတို့အခမ်းအနားထဲကိုစတင်ဝင်ကြည့်လိုက်ကြရအောင် အားလုံးပဲကျွန်မနဲ့အတူလိုက်လာခဲ့ပေးကြပါ "

မကြားချင်ဘဲနားထဲရောက်လာသော သူနဲ့မလှမ်းမကမ်းတွင်ရှိသောလူတစ်ယောက်ကြည့်နေသော ဖုန်းထဲကသတင်းသံကြောင့် ဖုန်မှုန့်သဲမှုန့်ကောက်ရိုးတွေနဲ့ညစ်ထေးနေသောကြမ်းပြင်ထက်ချထားမိသော ပေါက်ပြဲနေသောလက်တစ်စုံ​မှာ လက်သီးဆုပ်အသွင်သို့ပြောင်းလဲသွားခဲ့ရသည် ။

ရေဓာတ်ရတစ်ချက်မရချက်ကြောင့်ခြောက်သွေ့ပြီးပေါက်ပြဲနေသောနှုတ်ခမ်းတွေကိုအောက်သွားလေးဖြင့်ဖိကိုက်ရင်း အလင်းရောင်မမြင်ရတော့သည့်မျက်ဝန်းမှ မျက်ရည်ပူတို့မှာ သူ့ကိုလှောင်ရယ်ပြုနေသယောင် ပါးပြင်တစ်လျှောက် ကျဆင်းလာခဲ့သည် ။

တစ်လရှိခဲ့ပြီ ။ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး မြေမထိလေမထိ မာနမင်းသားလေးတစ်ယောက် အောင့်သိုးသိုးအနံ့တွေပြည့်နှက်နေသော မြေအောက်ခန်းထဲကိုရောက်နေခဲ့တာ ။

" နင့်ယောကျ်ားကနင့်ကိုသိပ်ချစ်တာပဲနော် .. အပျော်အပါးအနေနဲ့ နင်နင့်ယောကျ်ားကို နင့်လက်မှတ်ထိုးထားတဲ့ကွာရှင်းစာချုပ်ပေးပြီး နင့်ယောကျ်ားမသိအောင် တစ်ရက်လောက်ပျောက်နေကြည့်ပါလား .. နင့်ယောကျ်ား နင်မရှိတဲ့တစ်ရက် သူတစ်ယောက်တည်း ဘယ်လိုနေနေမလဲကို နင်မသိချင်ဘူးလား "

ဆိုသော အရမ်းခင်ရတဲ့ သူငယ်ချင်းမဝမ်မိန်ရမ်ရဲ့ စကားနဲ့ ယောကျ်ားဟောင်းရဲ့အတုအယောင်အချစ်ကိုယုံစားပြီး လိုက်လုပ်ကြည့်တဲ့နောက်မှာတော့ သူဟာအရာအားလုံးကိုတစ်ပြိုင်နက်တည်းဆုံးရှုံးသွားခဲ့ရသည် ။

|| REBIRTH FOR YOU ||Where stories live. Discover now