Chapter One

121 7 0
                                    


(TN- အရင်လို စာမျက်နှာအလိုက်မဟုတ်ပဲ အခန်းတစ်ခန်းချင်းစီအလိုက် ဘာသာပြန်ထားပါတယ်။ သို့​ပေမယ့် အခန်းနှစ်ကျရင် စာလုံး​ရေလည်းများတာမို့ နှစ်ပိုင်းခွဲပြန်ပါမယ်။ ​အေး​အေး​ဆေး​ဆေးဖတ်ပါ။ ဖြည်းဖြည်းချင်းပဲဖတ်ပါ။)

ကျင်းယွမ်ရဲ့ စတုတ္ထနှစ် နွေဦးအလယ်မှာ
ကျင်းအန်းအိမ်တော်၏ ကျောက်စိမ်းမင်းသမီးဟာ လီချွမ်ရဲ့ ဝမ်ရင်းကျေးရွာမှနေ ပင်းအန်းတော်ဝင်မြို့တော်သို့ ပြန်လာခဲ့လေသည်။

လတ်တလော စစ်ပွဲမှာအနိုင်ရရှိလာခဲ့တဲ့
စစ်သူကြီးတစ်ဦးနှင့် သူမကို လက်ထပ်ထိမ်းမြား
ပေးဖို့အတွက် မယ်တော်ကြီးထံမှ ဆင်ခေါ်ခံလိုက်ရခြင်းဖြစ်ပေသည်။

ကျောက်စိမ်းမင်းသမီး ချန်းယွိဟာ ငယ်စဉ်
အခါတည်းက မိဘမဲ့တစ်ဦးပင်။ သူမအသက်
ခြောက်နှစ်အရွယ်မှာ သူမ၏အဖေ ကျင်းအန်း
သခင်ကြီးကို စစ်ပွဲမှာဆုံးရှုံးလိုက်ရပြီးနောက်
ဖခင်ဖြစ်သူ၏ သေဆုံးမှုနှင့်အတူ မိခင်ကြီးကပါ
ပူဆွေးဝမ်းနည်းပြီး အိပ်ယာထဲလဲသွားတော့တာ
ဖြစ်သည်။

သခင်မကြီးဟာ ခြောက်လနီးပါးလောက်ပဲ
ခံနိုင်ရည်ရှိခဲ့ပြီး မင်းသမီးလေး ခုနစ်နှစ်အရွယ်မှာလူ့လောကကြီးမှ ထွက်ခွာသွားခဲ့လေတော့သည်။

ထိုအချိန်မှစလို့ ကျောက်စိမ်းမင်းသမီးလေးဟာ
ကျင်းအန်းအိမ်တော်ကျယ်ကြီးထဲ တစ်ဦးတည်း
အထီးကျန်စွာ ရှင်သန်ကြီးပြင်းလာခဲ့ရတော့တာ
ဖြစ်သည်။ ငယ်ရွယ်စဉ်အခါမှာတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရခြင်းဟာ မင်းသမီးငယ်လေးကို အရွယ်နှင့်မမျှတဲ့ သိတတ်နားလည်မှုတချို့ကို စောစောစီးစီး ရှိသွားစေတော့တာပင်။

လက်ထပ်ထိမ်းမြားဖို့ တော်ဝင်အမိန့်တော်ကို
လက်ခံရပြီးချိန်ဝယ် သူမဟာ တခြားမင်းသမီးတွေနည်းတူ သူမရဲ့ ခင်ပွန်းလောင်းဟာ သူမအတွက်သင့်တော်သူတစ်ဦး ဖြစ်ပါရဲ့လားဆိုတာကိုရှာဖွေစုံစမ်းခြင်း မပြုခဲ့ချေ။
သတို့သားလောင်းဟာ ကိုယ့်အကြိုက်နှင့်
ကိုက်ညီမှုမရှိသူဆို ပစားပေးခြင်းမခံရပါသော
မင်းသမီးတွေအတွက်က လူသူမသိစွာ
ဝမ်းနည်းငိုယိုပြီးနောက် ရွေးချယ်စရာမရှိပါပဲ
ခံပြင်းနာကျဉ်းရင်းပဲ လက်ထပ်လိုက်ရတာပါပင်။

​ခြေတလှမ်းချတိုင်းမှာ ကြာပန်းတို့ပွင့်​ဝေ​​စေWhere stories live. Discover now