Chapter Two, Part One

82 2 0
                                    

Unicode

လောကမှာ ပန်းမျိုးစိတ်ပေါင်းများစွာ တည်ရှိ
နေပေမယ့်လို့ ယေဘုယျအားဖြင့် ပန်းနတ်ဘုရား၊ပန်းနတ်သမီး၊ ပန်းမိစ္ဆာနှင့် နောက်ဆုံးအနေနဲ့မူလပုံသဏ္ဍာန်မှနေ အသွင်းပြောင်းလို့မရပါသည့်ပန်းပွင့်ငယ်တို့ဟူ၍ လေးမျိုးခွဲခြားနိုင်ပါသည်။

ကမ္ဘာလောကကြီးမှာရှိတဲ့ ပန်းပေါင်းစုံဟာ
အရာရာကို ခံစားထိတွေ့နိုင်သလို သူတို့ရဲ့
ဘေးပတ်ဝန်းကျင်ကိုလဲ သတိပြုသိရှိနိုင်ပေမယ့်ကောင်းကင်နဲ့မြေပြင်ရှိ ဝိညာဉ်စွမ်းအင်တွေကိုစုပ်ယူနိုင်စွမ်းရှိပါတဲ့ တချို့သောပန်းပင်တွေဟာလူ့အသွင်ကူးပြောင်းနိုင်ပြီး အတော်လေးလဲ
ရှားပါးလှပါသည်။

ထိုသို့သော အသွင်ကူးပြောင်းနိုင်စွမ်းရှိတဲ့ ‌
ပန်းပင်တွေသည် နဂိုမူလအမြစ်ကိုက ကောင်းမွန်တဲ့ဖြစ်တည်မှုရှိနေပြီး မျိုးနွယ်စုခေါင်းဆောင်အဖြစ်ရှင်သန်ကြီးထွားလာတတ်သလို နောက်တစ်နည်းမှာဝိညာဉ်စွမ်းအင် ပေါကြွယ်ဝပါတဲ့နေရာတစ်ခုမှာအေးအေးဆေးဆေး ရှင်သန်ကြီးပြင်းလာပြီးအချိန်တန်လာသည့်အခါ လှပပြေပြစ်သောပန်းမိစ္ဆာလေးအသွင် ကူးပြောင်းသွားနိုင်ခြင်းသာဖြစ်သည်။

မတူကွဲပြားလှတဲ့ ပန်းမျိုးစိတ်ပေါင်းရာချီကို
ယခင်က ပန်းမျိုးတစ်ရာမျှော်စင်ကြီးကပိုင်ဆိုင်ခဲ့သော်ငြား လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
ချန်ယွီ၏အဖေဟာ ပန်းမျိုးတစ်ရာမျိုးနွယ်စုကြီးကိုပန်းမျှော်စင်ဆယ်ထပ်မှာ သိမ်းပိုက်ထားနိုင်အောင်အတော်လေး ကြိုးပမ်းခဲ့ရပါသည်။ ဒီနည်းဖြင့်သာချန်ယွီဟာ သူမရဲ့ကုမရတဲ့ရောဂါဆိုးကြီးမှလုံခြုံဘေးကင်းစွာ ရှင်သန်လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်ချေသည်။

အကယ်၍ ချန်ယွီကြောင့်သာ မဟုတ်ခဲ့လျှင်
ရာနှင့်ချီသော သစ်ပင်ပန်းမန်ပေါင်းစုံဟာ လွန်ခဲ့တဲ့ဆယ်နှစ်‌လောက်ထဲက လူ့အသွင်ကို ကူးပြောင်းနိုင်ခဲ့ပြီးဖြစ်သလို ပန်းမျှော်စင်ဆယ်ထပ်လုံးကိုလဲလီရှန့်နှင့် ကျူးကျင်သာ စီမံခန့်ခွဲနေမည်မဟုတ်ချေ။

သို့ပေမယ့် တောင်တန်းတွေထဲက တောနက်ကြီးမှပေါက်ဖွားလာပါတဲ့ ဟွာဖေးဝူကျ ပန်းမိစ္ဆာဖြစ်ဖို့ကျင့်ကြံနည်းထဲမှ ဒုတိယနည်းလမ်းနှင့်
အောင်မြင်လာခဲ့ခြင်းပင်။ဟွာဖေးဝူရဲ့ မွေးရပ်မြေဟာ သာမန်ရိုးရိုးတောင်တန်းလေးမဟုတ်ပါပဲ သမုဒ္ဒရာကြီးလေးစင်းနဲ့ ကန္တာရရှစ်ခုဝယ် ဝိညာဉ်စွမ်းအင်အစုလိုက်အပြုံလိုက် ရစ်ပတ်နေတတ်မှုကြောင့်နာမည်ကျော်ကြားလှသည့် ကျစ်ယွဲ့နတ်တောင်တန်းဖြစ်ချေသည်။ ထိုအပြင့် ထိုဝောာင်တန်းသည်လူ့လောကဝယ် မြစ်ချောင်းနှင့် တောင်တန်းသိန်းနှင့်ချီ အပိုင်စားရထားပါသော မ‌သေမျိုးနတ်အရှင်သခင် ချောင်ရိနေထိုင်ရာအိမ်ဟုလဲပြောနိုင်ပါသည်။

​ခြေတလှမ်းချတိုင်းမှာ ကြာပန်းတို့ပွင့်​ဝေ​​စေWhere stories live. Discover now