8

766 107 15
                                    

8. နွေဦးရာသီနဲ့အတူ အဆုံးသတ်ခဲ့သော အချစ်ဇာတ်လမ်း....။


၂၀၂၃ ခုနှစ် နွေဦးရာသီ

' စနေမိုး စွေတယ်" ဆိုတဲ့အတိုင်း စနေမှာရွာတဲ့မိုးသည် တစ်ပတ်လုံးလုံးရွာ မဆုံး ..။ အိမ်မှာနေတဲ့အချိန် မိုးရွာနေတာ ကြည့်လို့လှပေမယ့် အလုပ်သွားလှုပ်ရှားနေရတဲ့အချိန်မျိုးမှာတော့ မိုးရွာနေတာက အလုပ်လည်းမဖြစ်သလို အလုပ်လည်း မတွင်တာကြောင့် မက်သရူး သိပ်သဘောမကျ..။ နွေဦးရာသီမှာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ မိုး က တစ်ခါတလေ သိပ်စိတ်ပျက်ဖို့ကောင်းသည်။

" အစ်ကိုလေး ပေး ထီး ကျွန်တော့်ကို.."

အတွေးများစွာနဲ့လျှောက်လာခဲ့တာ ကုမ္ပဏီအဝင်ပြန်ရောက်မှန်းမသိ ပြန်ရောက်လာသည့် သူ့ကို အပေါက်ဝမှာ စောင့်ကြိုနေသည့် ရှောင်ချီ က သူ့ ထီးကိုပိတ်ပေးဖို့ လှမ်းတောင်းမှ သတိပြန်ဝင်လာကာ ရှောင်ချီကို ထီးအကြည်လေးလှမ်းပေးလိုက်သည်..။

" ကျွန်တော် သွားဝယ်ပေးမှာပေါ့.. မိုးရေထဲ အစ်ကိုလေး ကော်ဖီ သွားဝယ်တာ ဘော့စ် သိရင် ကျိန်းသေအဆူခံရမှာ.."

" အာ့ .........."

ထီးထည့်သည့် နေရာတွင် ထီးထည့်နေရင်း ပွစိပွစိလုပ်နေသည့် ရှောင်ချီချီ ကို လှည့်ကြည့်ပြီး တစ်ဖက်ကို သတိမထားမိဘဲ လှည့်မိချိန်မှာ ရှေ့မှ လျှောက်လာသူနဲ့တိုက်မိသွားကာ ကော်ဖီ တွေက သူ့ အင်္ကျီ အဖြူလေးပေါ် ဖိတ်စင်သွားတော့သည်...။ ကော်ဖီအေးတွေ ဖြစ်နေလို့သာ တော်သေးသည်။

" ဆောရီး...!"

အစ ကိုယ့်အမှားလည်းပါသည်မို့ ဒေါသ မရှိသည့်တိုင် ခပ်မာမာနဲ့မထီတထီ တောင်းပန်လာသည့် ကြားနေကျအသံကြောင့် မော့ကြည့်လိုက်တော့.. ထင်သည့်အတိုင်းပင် တစ်ဖက်လူက ယွန်းဂါဟျွန်း ဖြစ်နေသည်။

သူမ က မြင်လိုက်တာနဲ့အဆင့်တန်းမြင့် မျိုးရိုးထဲကမှန်းတန်းသိနိုင်လောက်သည့်.. အဖြူရောင် dresses ကို ဝတ်ဆင်ထားသည်..။ မသိတဲ့ သူတွေက သူတို့နှစ်ယောက်ကို ဘေးကဖြတ်သွားကာ ကြည့်မယ်ဆိုပါက အမြွှာတွေလားဟုပင် ထင်ကြေးပေးကြလိမ့်မည်..။

My ex becomes My husband?Where stories live. Discover now