9 ( P_ 2 )

761 91 10
                                    

9. ကုန်ဆုံးသွားသော နွေဦးရာသီနှင့် တိမ်မြှုပ်ခဲ့သော အမှန်တရား ( p -2 )

၂၀၁၇ ခုနှစ် ဇွန်လ နွေဦးရာသီ

"..........'မင်းတို့က သူမ လိုပဲလှကြပါတယ်.. ဒါပေမဲ့ မင်းတို့က အခွံသက်သက်ပဲ... တခြားဖြတ်သွား ဖြတ်လာလူတွေတွေ့ရင် မင်းတို့ကို ငါ့ နှင်းဆီပန်းလေးနဲ့အတူတူပဲလို့ မြင်ကြမှာပဲ.. ဒါပေမဲ့ ငါ့ အတွက်တော့ သူမ က တခြားရာ‌ပေါင်းများစွာသော နှင်းဆီပွင့်တွေထက် ပိုအရေးကြီးတယ်..... ပြီးတော့ မင်းတို့အတွက် အသက်စွန့်ဝံ့တဲ့သူ မရှိဘူး.....ငါ သူ့ကို ရေလောင်းပေးခဲ့တယ်... လေကွယ်အောင် ဖန်ပေါင်းချောင်ထဲထည့်ပေးခဲ့တယ်... ဘောက်ဖက်တွေ သတ်ပေးခဲ့တယ်... သူက ငါပြောတဲ့စကားတွေ နားထောင်ပေးခဲ့တယ်.. ငါလည်း သူပြောတဲ့စကားတွေကို နားထောင်ပေးခဲ့တယ်... သူမက ငါ့ ရဲ့ နှင်းဆီပန်းပွင့်လေးမို့လို့ '..........."

ရစ်ကီ့ စကားဆုံးတော့ ဝူဟျွန်း ရဲ့လက်ဖဝါးနုနု က ရစ်ကီ့ပါးပြင်ထပ် ထိကပ်ရင်း ခပ်ဖွဖွ ပွတ်သပ်နေသည်.......။ 'ခပ်ဆင်ဆင်တူတဲ့သူမပြောနဲ့ ဝူဟျွန်း နဲ့ချွတ်ဆွတ် တူတဲ့ ကလုန်းတွေရှိလာရင်တောင်.... ရစ်ကီ့ အတွက် ဆော့ဝူဟျွန်းက တစ်ယောက်တည်းပဲ ရှိတယ်' ဆိုတဲ့ အဓိပ္ပာယ်ကို ဝူဟျွန်း ကျိန်းသေသဘောပေါက်လိမ့်မယ် လို့ ရစ်ကီ့ ထင်မိတာကြောင့် ဝူဟျွန်း လက်ကလေးကို ဆုပ်ကိုင်ပြီး လက်ဖဝါးလေးကို နမ်းလိုက်သည်......။

သို့သော် ထိုလက်ဖဝါးနုနု ၏ ရွေ့လျားမှုသည့် ရပ်တန့်မသွားသေးဘဲ ရုတ်တရက် ရစ်ကီ့ မေးဖျားက ဝူဟျွန်း လက်မ နဲ့လက်ညှိုးကြားထဲရောက်သွားတဲ့အခါမှာတော့ သူ့ ပါးနှစ်ဖက်ဟာ ဝူဟျွန်း လက်တစ်ဖက်တည်းနဲ့ ညှစ်တာ ခံလိုက်ရတော့သည်......။

" ပြော... အဲ့ဒီတော့ ဘယ်သူ မှားတာလဲ...."

" မောင် မှားတယ်... မောင့် အမှား............."

" ဘယ်နားမှားတာလဲ........"

" အစ ကနေ အဆုံး အထိ မောင် မှားတယ်............ ဒါ နောက်ဆုံးပဲ.... နောက်မဖြစ်စေရပါဘူး..... တောင်းပန်ပါတယ် ဘေဘီရယ် ......နော်.........."

ရစ်ကီ့ ရဲ့တောင်းပန်တိုးလျိုလာသည့် မျက်နှာငယ်နဲ့တောင်းပန်လိုက်တော့မှာ ဝူဟျွန်းက နှာခေါင်းကို ရှုံ့ကာ 'ပြီးရော ' ဆိုပြီး သူ့ပါးကို ညှစ်ထားရာကနေ လွှတ်ပေးပြီး.. 'ညနေစာ သွားစားတော့မယ်' ဆိုပြီး ကုတင်ပေါ်ကနေ ဆင်းသွားတော့သည်။

My ex becomes My husband?Where stories live. Discover now