Final

930 115 20
                                    

10. ရွက်သစ်တို့တဖန်ဝေမည့် နွေ 


၂၀၂၃ ခုနှစ် နွေဦးရာသီနှောင်းပိုင်း


" အစ်ကိုလေး.. အစ်ကိုလေး မက်သရူး... ပြဿနာ တော့တက်ပြီထင်တယ် ! ........."

ပြီးခဲ့တဲ့အပတ်က ယွန်းဂါဟျွန်း ကိစ္စကြောင့် ဌာနက လူတွေကို မျက်နှာပူနေရလို့ ကော်ဖီ နဲ့ မုန့် ဝယ်ကျွေးရင်း အနေရခက်တာပျောက်အောင် စကားစမြည်ပြောနေတုန်း... ဌာနထဲ မျက်ဖြူလန်မတတ်ပြေးလာပြီး မီးလောင်သည့်သတင်းပြောသလို ပြောလာသည့် ရှောင်ချီချီ...။

ဌာနက အငယ်နှစ်ယောက်လည်း မျက်လုံးပြူး မျက်ဆံပြုးနဲ့ ဖြစ်လိုဖြစ် ...သူတို့ ဌာနမှူးဆို ကော်ဖီတွေတောင် သီး သွားရသည့်အထိပင်....။ သူလည်း ရုတ်တရက်ထရပ်ကာ ပျာပျာသလဲမေးမိသည်... သိပ်မကြာခင်ကမှ ယွန်းဂါဟျွန်း နဲ့ပြဿနာတတ်ထားတော့ သူမ က တစ်ခုခုများ လုပ်လိုက်လို့လားလို့ ထင်မိသွားသည်။

" ဘာပြဿနာဖြစ်တာလဲ ရှောင်ချီချီ..."

" ဥက္ကဌ...ဥက္ကဌကြီး ရှန် ရောက်နေတယ်... ဘော့စ် အခန်း ထဲမှာ အပြင်က ကြားရသ‌လောက် စကားအချေအတင်ဖြစ်နေပုံပဲ..."

ရှောင်ချီချီ ထံမှ ကြားလိုက်ရတဲ့စကားကြောင့် မက်သရူး စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး အေးအေးလူလူပင် နေရာတွင်ပြန်ထိုင်လိုက်သည်...။ ရစ်ကီရှန်တို့ သားအဖ က အမြဲတမ်း အဲ့ဒီလိုပဲ စကားပြောကြတာ ဒီကလူတွေ မကြားဘူး..မမြင်ဘူး ကြဖူးလား မသိ...။

" ဒါ သေချာပေါက် စီအီးအို ယွန်း က သွားချွန်တာဖြစ်ရမယ်.. ဟုတ်တယ်မဟုတ်လား ချီကော...."

သူတို့ထဲက ဝန်ထမ်းအငယ်တစ်ယောက်စကားကို မက်သရူးကလွဲလို့ အကုန်လုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်...။ family drama တွေအကြည့်များနေတာပဲ ဟု ယူဆပြီး ခေါင်းခါရမ်းရင်း တွေးနေမိသည်...။

" ဟာ အစ်ကိုလေး မက်သရူး.. ကျွန်တော့် ဘော့စ် ကို ဒီအတိုင်း တစ်‌ယောက်တည်း ရင်ဆိုင်ခိုင်းတော့မှာလား... သွေးအေးလိုက်တာဗျာ..."

ရှောင်ချီချီ စကားကြောင့် မက်သရူး သောက်လက်စ ကော်ဖီတောင် လည်ချောင်းထဲနင်သွားတော့သည်...မသိရင် သူ့ ဘော့စ်က နိုင်ငံကယ်တင်မယ်ဆိုပြီး ရှေ့တန်းစစ်ထွက်တိုက်မယ့် လူကြနေတာပဲ... သူ့ အဖေနဲ့ သူစကားပြောတာ ဘာဆန်းလဲ... ။

My ex becomes My husband?Wo Geschichten leben. Entdecke jetzt