1.zgi

68 4 1
                                    

ကောင်းကင်သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်

အခန်း(1)

သစ်ရွက်စိမ်းအင်ပါယာ။

သစ်ရွက်စိမ်းအင်ပါယာဟာ တိုင်းပြည်ဆယ်ခုနဲ့ဖွဲ့စည်းထားတာပဲဖြစ်တယ်

သစ်ရွက်စိမ်းအင်ပါယာဟာငွားငွားစွင့်စွင့်ပွင့်နေတဲ့ပန်းပွင့်ကြီးတခုပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးတိမ်တွေရဲ့အလယ်မှာရှိတယ်

ဘေးပတ်ပတ်လည်မှာတိမ်တွေသာရှိပြီး အဲ့တိမ်တွေရဲ့တဖက်မှာဘာတွေရှိလဲဆိုတာဘယ်သူမှမသိကြသလို ဘယ်သူမှလဲမသွားကြဘူး

သစ်ရွက်စိမ်းအင်ပါယာနန်းတော်ကို ပန်းပွင့်ကြီးရဲ့ဝတ်ဆံတွေအလယ်မှာတည်ဆောက်ထားပြီးတော့ ပန်းပွင့်ဖတ်တွေပေါ်မှာတော့ တိုင်းပြည်အသီးသီးကဝန်းရံလျှက်ရှိတယ်

ဒါဆို သူတို့တွေဘာစားကြလဲ ဝတ်ရည်ကိုသောက် ဝတ်ဆံကိုစားကာ ပန်းအလယ်မှာဖြစ်ပေါ်လာတဲ့အသီးတွေကိုသာစားကြတယ်  အစိမ်းစားကြတာကြောင့် သူတို့မချက်ကြဘူး

ဒါကြောင့် သူတို့ဆီမှာ ပိုက်ဆံဆိုတာမလိုဘူး

ဒါပေမဲ့ ပွဲတော်ရက်တွေမှာတော့ ကြိုချက်ထားတဲ့ဝတ်ရည်ကိုဝိုင်အဖြစ်  သောက်ကြလေ့ရှိတယ်

ဒါက ပွဲတော်ရက်တွေမှာသာဖြစ်ပြီး လူတိုင်းက များသောအားဖြင့် မဖျားနာကြသလို အသက်ရှုနေရင်ကို ကျန်းမာနေကြပြီပဲဖြစ်တယ်

တိမ်တွေဆီက ရေရတယ် ပန်းပွင့်ဖတ်ကြီးဆီက ‌လေရတယ် သစ်ရွက်စိမ်းအင်ပါယာတခုလုံးက လင်းထိန်နေပေမဲ့မပူပဲနွေးထွေးတဲ့နေရောင်ခြည်ရတယ် ဒါကြောင့် သူတို့ဒီမှာနေရတာပျော်ပြီး သက်တောင့်သက်သာဖြစ်ကြတယ်

အင်ပါယာတခုလုံးလဲ အရမ်းကိုစည်းလုံးတယ် အင်ပါယာဘုရင်ကြီးတခုပြောလိုက်တာနဲ့ ဖြစ်စေရမယ်ဆိုတာသေချာတယ် ဘယ်တော့မှမငြင်းကြဖူးဘူး အင်ပါယာဘုရင်ကလဲ ဘယ်တော့မှ မတရားမလုပ်ဖူးဘူး

ဒါပေမဲ့သူတို့ဆီမှာ မျိုးဆက်ပေါက်ဖွားမူ့ပြသနာတခုတော့ရှိတယ် လူတွေက လွယ်လွယ်မသေပေမဲ့ လွယ်လွယ်လဲ ကလေးမွေးလို့မရဘူး ဒါကြောင့်ပဲ သစ်ရွက်စိမ်းအင်ပါယာမှာ လူဦးရေက တိုးလဲသိပ်မတိုး လျှေိာ့လဲသိပ်မလျှော့ အဲ့လိုအခြေအနေအတိုင်းဖြစ်နေတာပေါ့

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )Where stories live. Discover now