6.zgi

50 1 0
                                    

ကောင်းကင်ရဲ့သမီးတော်က လူပြည်ကိုပြုတ်ကျလာတယ်

အပိုင်း(၆)

အမျိုးသမီးတစ်ယောက်က သူမရဲ့ကလေးကိုရင်ခွင်ထဲပိုက်ထားပြီး အဲ့ကလေးကလဲ တပြွတ်ပြွတ်အသံမြည်အောင် စားနေတာတွေ့လိုက်တယ်

စုန့်ယင်။ ။ "......"

မိဘတွေက ဘာကျွေးတာလဲ ကလေးကအသားစားနေတာလား

စုန့်ယင်။ ။ "......"

ဒါပေမဲ့ အမျိုးသမီးကြီးကနာတဲ့ပုံလဲမပေါ်ဘူး

ဘယ်လိုတောင်လား.....

စုန့်ယင်နားမလည်ဖြစ်နေခဲ့တယ်

သူမဒီမြင်ကွင်းကိုပထမဆုံးမြင်ဖူးတာပဲ

နောက်တော့ စူးစမ်းဖို့ အနားကပ်သွားတော့တယ်

......

အမှောင်မြို့တော်။

အမှောင်မြို့တော်ဟာ နာမည်နဲ့လိုက်အောင် အလင်းတစက်မှမရှိပဲမှောင်မဲလို့နေတယ်

အမြဲမဲသဲနေတဲ့တိမ်တွေသာကောင်းကင်ပေါ်မှာရှိပြီး အမှောင်မြို့တော်သားတွေဟာ ဘယ်တော့မှနေကိုမမြင်ရကြဘူး

မြင်လဲမမြင်ဖူးကြဘူး

သူတို့အတွက်နေဆိုတာ ဘယ်လိုတည်ရှိမူ့လဲ ဘယ်လိုအသုံးဝင်လဲ ဘာလဲဆိုတာတောင်မသိဘူး

သူတို့ကအမြဲအမှောင်ထဲမှာပဲနေရလို့ သူတို့အသားတွေဟာ စက္ကူတစ်ရွက်လိုဖြူဖျော့‌လို့နေတယ်

မကျန်းမာတဲ့လူတစ်ယောက်ရဲ့သွင်ပြင်ပုံစံလိုဖြစ်နေကြတယ် အရေပြားကလဲပါးလွန်းလို့သွေးကြောတွေကိုတောင်မြင်နေရလေတယ်

ဒါပေမဲ့ အဲ့လိုပုံစံဖြစ်‌နေလို့လျော့တော့မတွက်လိုက်ပါနဲ့

သူတို့ရဲ့မျိုးနွယ်မှာ စပျစ်ပင်ကစိမ်းပြာ‌‌ရောင်စပျစ်သီးကိုဆေးအဖြစ်မှီဝဲကြရတယ် အဲ့စိမ်းပြာရောင်စပျစ်သီးက ကျန်းမာစေတယ် ခွန်အားကြီးမားစေတယ် ခန္ဒာကိုယ်ထွားကျိုင်းစေတယ် သူတို့မျိုးနွယ်ကလူတွေဟာသာမာန်လူ‌တွေထက်အရပ်မြင့်ပြီးကြီးမားကြတယ် ဒါကြောင့်လူတွေက သူတို့ကိုgaint devil လို့အမည်ပေးထားကြလေရဲ့

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )Where stories live. Discover now