3.zgi

43 1 0
                                    

ကောင်းကင်သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်

အပိုင်း(3)

တစ်စုံတစ်ယင်ကတော့ အကြောက်အလန့်မရှိ တကယ်ကြီးကို ပြေးဝင်သွားခဲ့တာပဲ

ဘေးပတ်ပတ်လည်မှာတိမ်တွေရှိရုံသာမက အောက်ဖက်ကလဲတိမ် အပေါ်ဖက်ကလဲတိမ်

အိုင်းးး မျက်လုံးတောင်ကန်းတော့မယ်

သူမ ပြေးတယ် ပြေးတယ် ဆက်ပြေးတယ် အားရပါးရပြေးတယ်

ဒါပေမဲ့ သိပ်မကြာခင်မှာ တစုံတယင်တစ်ယောက် ‌အောက်ဖက်နဲ့ခြေထောက်လွတ်သွားပြီး အောက်ကိုပြုတ်ကျသွားလေရဲ့

"အားးးးးးးး"

သူမရင်ထဲလှိုက်ခနဲဖြစ်သွားပြီး ခြေလွတ်လက်လွတ်နဲ့အောက်ကိုအရှိန်နဲ့ပြုတ်ကျနေတာကိုသိလိုက်ရတယ် ဇောက်ထိုးပြုတ်ကျနေ‌တဲ့သူမဘေးမှာရှိနေတာကလဲတိမ်တွေချည်းပဲ ဒါပေမဲ့ အဲ့တိမ်တွေကပါ ဗရမ်းဗတာဖြစ်နေသလိုရယ် သူတို့ကဘာလို့ကြောက်နေကြတဲ့ပုံတွေပေါက်နေတာလဲ ပြုတ်ကျနေတာက ငါပါဟ

"အားးးးးးးးးး"

တိမ်ကလေးများ။ ။ "အားးးးး"

မင်းသမီးလေးပြုတ်ကျနေပြီ

"နင်တို့လဲပြုတ်ကျနေပြီလေ"

တိမ်ကလေးများ။ ။ "အားးးး"

ငါတို့လဲပြုတ်ကျနေပြီ

စုန့်ယင်။ ။ "......."

တိမ်ကလေးများ။ ။ "......."

စုန့်ယင်။ ။ "အားးး နင်တို့ပြောတာကိုငါကဘာလို့နားလည်နေရတာလဲ"

တိမ်က‌လေးများ။ ။ "အားးးး ငါတို့ပြောတာကိုမင်းသမီးလေးကဘာလို့နားလည်နေရတာလဲ"

စုန့်ယင်။ ။ "......"

တိမ်ကလေးများ။ ။ "......."

အားးးးးးး

တအားအားအော်သံကကောင်းကင်တခုလုံးမွစာကြဲနေပြီး စုန့်ယင် အောက်ကိုငုံ့ကြည့်မိတော့ ပိုလို့‌အော်မိတော့တယ်

"ကြီးလာတယ် ကြီးလာတယ် အရမ်းကိုကြီးလာတာပဲ"

သူမ အော်မိအော်ရာအော်‌နေရင်း မြေပြင်နဲ့နီးလာခဲ့လေတယ် တိမ်ကလေးတွေဟာလဲ သူတို့ရဲ့မင်းသမီးမြေပြင်ပေါ်မှာအသားပြားတန်းဖြစ်သွားမှာစိုးလို့ သူမရဲ့ကိုယ်အောက် မနဲရုန်းကန်ပြီးရောက်အောင်သွားကြလေတယ်

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )Where stories live. Discover now