သွားကျိုးပါစေ..ဟွန့်

151 13 0
                                    

"ကိုကိုရေ ခွေးလေးတစ်ကောင်လောက် မွေးချင်တယ်"

"မမွေးရဘူးလို့ ဘယ်နှစ်ခေါက်ပြောရမှာလဲ"

"ကိုကိုကလည်း ခွေးလေးတစ်ကောင်ဘဲလိုချင်တယ်လို့ပြောတာကို"

"The answer is still noပါ babyယူဂျင်း"

"ကိုကိုအလုပ်သွားရင် ယူဂင်းနီးကအိမ်မှာတစ်ယောက်တည်းကျန်ခဲ့ပြီး webtoonဆွဲရတာလေ။ အဲ့တော့ ပျင်းလာရင် အဖော်လေးရအောင် puppyလေးတစ်ကောင်ပဲ မွေးချင်တာကို
ဘာလို့လဲ ဘာလို့လဲ ဘာလို့မမွေးခိုင်းရတာလဲလို့ဆို"

"ဘာလို့လဲဆိုရင် ကိုကိုက ကလေး ၂ယောက်
မထိန်းနိုင်လို့လေ။ ယူဂျင်းနီးက
ခွေးလေးနဲ့ ဆော့ဖို့ပဲသိတာ။
ကျန်တဲ့ သန့်ရှင်းရေးဘာညာက ကိုကိုပဲ လုပ်ရမှာ။
အခုတောင် ယူဂျင်းနီးကို အချိန်အရမ်းမပေးနိုင်တာကို ခွေးမွေးလိုက်ရင် ခွေးလေးကိုပါ အချိန်ဖဲ့ပေးနေရမှာပေါ့။"

"ယူဂျင်းနီးက ခွေးလေးရဲ့
သန့်ရှင်းရေးကို တာဝန်ယူလိုက်မယ်လေ ကိုကိုရဲ့"

"Noပါ။ ကိုကို့ ယူဂျင်းလေးက အဝတ်ဗီရိုကိုတောင် တပတ်တခါမရှင်းလို့ ကိုကိုပဲ အမြဲရှင်းပေးနေရတာ။
အဲ့တာက မဖြစ်နိုင်ဘူး။
ပြီးတော့ အဲ့ခွေးက ကိုကိုတို့ကြားမှာ
ကန့်လန့်ဖြစ်လာမှာကို ကိုယ်မလိုလားပါဘူးနော်။
So,no puppy is allowed in this houseပါ babyယူဂျင်းရှီ"

"Grr....Kim Gyuvinအဘိုးကြီး သွားကျိုးပါစေ"
လူကို မေတ္တာတွေပို့ပြီး sofaကနေ ထထွက်သွားတဲ့  ဒေါသအိုးလေးကြောင့် Gyuvinလည်း
တချက်ရယ်လိုက်ရင်း မေးလိုက်သည်။
"နေပါဦး။ယူဂျင်းနီး ထမင်း မစားရသေးဘူးမလား"
"အင်း ဟုတ်တယ် မစားရသေးဘူး။
arnyiမစားဘူး။ ဟွန့်"

"တကယ်လားကိုယ်က မင်းအတွက် ကင်မ်ချီထမင်းကြော် ကြော်ပေးမလို့ကို"
ယုန်ကလေးသည် အခန်းတံခါးဝမှ ခေါင်းလေးပြူထွက်လာပြီး
"တကယ်လား"
"အင်းး တကယ်ပေါ့"
"အဲ့တာဆို စားမယ် ကြက်ဥနှစ်လုံးပါကြော်ပေးနော်"
"အိုခေပါဗျာ"
"ဟို ဟိုး ဒါမှ ချစ်စရာKim Gyuvinကြီး"

"ခုနကတော့ သွားကျိုးပါစေ အဘိုးကြီးဆို"
"အဟမ့် ခုနကဟာက ခုနက။
အခုဟာက အခု
ထမင်းကြော်ပြီးရင် လှမ်းခေါ်လိုက်နော်။
ယူဂျင်းနီးWebtoonဆွဲလိုက်ဦးမယ်။"

"ဟုတ်ကဲ့ သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ ခင်ဗျ"

နွေဦးရဲ့ တိမ်တိုက်လေးWhere stories live. Discover now