မနက်ခင်း၏နေရောင်နုနုသည် မျက်နှာကို
ထိုးလာသဖြင့်
ဂယူဘင်းတစ်ယောက်နိုးလာခဲ့သည်။
အိပ်ယာထမည်အလုပ်တွင် လက်မောင်းပေါ်တွင်
ခပ်လေးလေးအရာလေးတစ်ခု ဖိထားသဖြင့်
ယူဂျင်းနီးဖြစ်မှန်း သတိရသွားကာ
ငြိမ်ငြိမ်လေးပြန်နေလိုက်ပြီး
အိပ်ပျော်နေသော ယူဂျင်းနီးအား
တစိမ့်စိမ်ကြည့်နေလိုက်သည်။
သို့သော် မကြာမီတွင် ယုန်ကလေးမှာ
မျက်နှာလေးကိုရှုံ့မဲ့ပြီး အိပ်ယာနိုးလာခဲ့ကာ
မျက်စိတစ်ဖက်ကိုဖွင့်ကြည့်လာခဲ့သည်။
"အွန်း.......ကိုကို....နိုးတာကြာပြီလား။"
"မကြာသေးပါဘူးဗျ။"
အပျင်းကြောဆန့်ပြီး
ဂယူဘင်းအားတိုး၍ဖက်လာကာ
အချွဲတုံးလေးယူဂျင်းသည် အိပ်ယာထဲ
ဆက်ကွေးနေဖို့အရေးအား
စတင်ကြိုးပမ်းတော့သည်။
"ဒီနေ့sundayဆိုတော့လေ
ဒီအတိုင်းလေးပဲ ဆက်နေကြရအောင်လေ။
နော်....ကိုကို"
ဂယူဘင်းသည် မိမိအား တိုး၍ဖက်လာကာ ချွဲနေသော ကလေးငယ်အား ပြုံးကြည့်လိုက်တာ နဖူးအား အသည်းတယားနှင့် ငြင်သာစွာနမ်းလိုက်သည်။
"၁၅မိနစ်ပဲ ရမယ်ဗျ။"
"ဟာ....ကိုကိုကလည်း....."
ဂယူဘင်းအားဖက်ထားရင်းနှင့် ရင်ဘက်အားတစ်ချက်ထုလိုက်ကာ ဆူပုတ်ပုတ်အသံလေး ထွက်လာခဲ့သည်။
"ဟောဗျာ......မနေ့ကပဲပြောတော့ ဒီနေ့ ခွေးဂေဟာသွားပြီး
မွေးစားမယ့် ခွေးလေးသွားကြည့်ချင်တာဆို...။
ယူဂျင်းနီးက မသွားချင်တော့ဘူးဆိုလည်း ရပါတယ်။
ဒီတိုင်းလေး ဆက်နေနေကြတာပေါ့။"
ထိုအခါမှ ရင်ခွင်ထဲမှ ခေါင်းလေးသည် ဆက်ခနဲထောင်လာပြီး
ဂယူဘင်းအား ရယ်ပြလာကာ အိပ်ယာထလာခဲ့သည်။
"ဟုတ်တာပေါ့.....ယူဂျင်းနီးတို့ အိပ်ယာထဲ
ဆက်ကွေးနေလို့မရဘူးဘဲ။ အဲ့တာဆို ယူဂျင်းနီးက
မျက်နှာသစ်ပြီး အသင့်သွားပြင်တော့မယ်
ကိုကိုကbreakfastပြင်ထားပေးနော်.....။ရေချိုးခန်းထဲ မဝင်ခင် အချွဲတုံးလေးယူဂျင်းသည်
ဂယူဘင်းအား ညာတာပါတေးနှင့် ခိုင်းစားသွားရန်လည်း မမေ့ပါပေ။