တောင်းပန်ပါတယ်....နမ်းလိုက်ကြပါတော့။

131 14 0
                                    

ဂယူဘင်း၏ အကြိုက်နှစ်သက်ဆုံး
အချိန်များထဲမှ တစ်ခုမှာ ဘတ်စ်ကားမှတ်တိုင်မှ
အိမ်သို့ ယူဂျင်းနီးနှင့်အတူတူ
ပြန်ရချင်းလည်းပါဝင်သည်။
အပိုလူ Rickyကတော့ အတူတူမပြန်လျှင်
ပိုကောင်းမည်ဟုပင်တွေးမိသည်။
သို့မှသာ ကလေးလေးနှင့်အတူတူ နှစ်ယောက်တည်းလမ်းလျှောက်ရမည်ဖြစ်လေသည်။
ဤသို့ဖြင့် ဂယူဘင်းတစ်ယောက် အတွေးကမ္ဘာထဲ
ပျော်မွေ့နေစဥ် ယူဂျင်းနီးထံမှ အသံသေးသေးလေးထွက်လာခဲ့သည်။

"ကိုကို့ကို တစ်ခုလောက်မေးစရာရှိလို့လေ။"

ဂယူဘင်းလည်း ကလေးငယ်လေးများအား
ချော့မြှူသည့် အသံဖြင့် ယူဂျင်းနီးအား
ပြန်ဖြေလိုက်သည်။

" ဟုတ်...မေးပါဗျ"

ယူဂျင်းနီးသည် ဂယူဘင်းအား မျက်စောင်း
တစ်ချက်ထိုးကာ သက်ပျင်းချရင်း
ဆက်ပြောလာခဲ့သည်။

"ကိုကိုလေ လူတစ်ယောက်ကို အချိန်အကြာကြီး
အရမ်း၊အရမ်းသဘောကျပေမယ့်
ဖွင့်မပြောရဲတာမျိုး ဖြစ်ဖူးလား။"

ဂယူဘင်းလည်း သူခိုးလူမိသလို ဖြစ်သွားတာ
ချောင်းတစ်ချက်ဟန့်ရင်း ပြန်ဖြေလိုက်သည်။

"အဟမ်း....ဖြစ်ဖူးတာပေါ့။"

ယူဂျင်းမှာ ဝမ်းနည်းသွားသည့် မျက်ဝန်းများအား
မြေပြင်သို့ စိုက်ကြည့်လိုက်ကာ
ဝမ်းနည်းသံစွက်သော အသံလေးဖြင့်
ဆက်ပြောလာခဲ့သည်။

"အဲ့တာဆို ကျွန်တော်နဲ့ အဖြစ်တူနေတာပေါ့။"

ရုတ်တရက် နောက်မှ လျှောက်နေသော Rickyမှ
ရှေ့သို့ မြန်မြန်လျှောက်လာကာ နှစ်ယောက်လုံး၏
နဖူးအား တစ်ချက်စီရိုက်ကာ အော်ပြောလိုက်သည်။

"ငါတောင်းပန်ပါတယ်။ စောက်ရူးနှစ်ကောင်ရယ်။
ဒီလောက်နဲ့ နမ်းပြီး တွဲလိုက်ကြပါတော့။
ကင်မ်ဂယူဘင်း တစ်ပတ်လောက်
ဒရာမာချိုးပြတော့မှာကို
မခံစားနိုင်လို့ပါ။ ဟန်ယူဂျင်းရယ်။
ငါ့နားတွေကိုလည်း သနားလှပြီ။"

ပြောချင်ရာပြောကာ
ဘောက်ဆက်ဆက်ထွက်သွားသည့်
Rickyအား ဂယူဘင်းတို့နှစ်ယောက်မှာ
စက္ကန့် ၂၀မျှ ကြောင်ကြည့်ကာ
မတိုင်ပင်ဘဲ ရယ်လိုက်မိတော့သည်။

နွေဦးရဲ့ တိမ်တိုက်လေးWhere stories live. Discover now