Don't Leave Me Alone-1

368 34 6
                                    

"ကိုယ်ဖွင့်ပြောထားတဲ့ကိစ္စကို ပြန်စဉ်းစားပေးလို့မရဘူးလား ရစ်ခီ"

ရစ်ခီတစ်ယောက် ကျောင်းနားကကော်ဖီဆိုင်လေးမှာစာလုပ်နေတုန်း အစ်ကိုမင်ယောင်းတစ်ယောက်ရောက်လာကာ သူဖွင့်ပြောထားတဲ့ကိစ္စကိုနားပူနားဆာလာလုပ်နေခြင်းဖြစ်သည်။

"ကျွန်တော် ခဏခဏလည်းပြောပြီးနေပါပြီ ကျွန်တော်အစ်ကို့ကိုစိတ်မဝင်စားပါဘူးလို့ ကျွန်တော်အေးဆေးပဲနေချင်သေးတယ် အဲ့လိုကိစ္စတွေခေါင်းထဲမထည့်ချင်သေးဘူး အစ်ကိုမင်ယောင်း"

"ဒါပေမယ့် ကိုယ့်ကိုအခွင့်အရေးတစ်ခါလောက်ပေးကြည့်ပါ ရစ်ခီကိုယ့်ကိုပြန်ချစ်လာအောင် ကိုယ်ကြိုးစားမှာပါ"

ရစ်ခီစိတ်ညစ်လွန်းလို့ ဘာ‌ပြန်ပြောရမှန်းတောင်စဉ်းစားလို့မရတော့ဘူး။သူ့ကိုမချစ်လို့ငြင်းနေပါတယ်ဆိုတာကို အခွင့်အရေးပါထပ်လာပေးခိုင်းနေသေးတယ်။ရူးချင်တော့တာပဲ!

"အစ်ကိုမင်ယောင်း ဘယ်လိုပဲကြိုးစားကြိုးစား ကျွန်တော်ကပြန်ချစ်မလာနိုင်မှာမို့လို့ ကျွန်တော့်ကိုဒီကိစ္စတွေထပ်မပြောပါနဲ့တော့။ကျွန်တော်အတန်းရှိသေးလို့ သွားတော့မယ်"

ပြောလို့ပြီးတာနဲ့ရစ်ခီသူ့ပစ္စည်းတွေသိမ်းကာ ဆိုင်ထဲကနေထွက်လာခဲ့တော့သည်။

"တကယ်ပါပဲ! စာလုပ်မလို့ပါဆို အနှောင့်အယှက်တွေများလိုက်တာ"

"ရစ်ခီ! ခဏလောက်စောင့်ပါဦး"

လှည့်ကြည့်တော့အနောက်ကနေပြေးလိုက်လာတဲ့ အစ်ကိုမင်ယောင်းကြောင့် ရစ်ခီ့မှာထိုင်ငိုချင်စိတ်တွေပါပေါက်လာတယ်။အိုက်ယား! စိတ်တွေညစ်လို့ တရုတ်ကိုပဲပြန်လိုက်ချင်တော့တယ်။

"အစ်ကို့မှာ ဘာအားနည်းချက်တွေရှိနေလို့လက်မခံနိုင်ကြတာလဲ။ရစ်ခီ မကြိုက်တာတွေရှိရင် အစ်ကို့ကိုပြောပါ အစ်ကိုအကုန်ပြင်ပေးနိုင်ပါတယ်"

"ဘာမကြိုက်တဲ့အချက်မှလဲမရှိပါဘူး။ကျွန်တော်အဲ့ရည်းစားကိစ္စတွေ စိတ်မဝင်စားသေးလို့ပါ။ဒီအတိုင်းတစ်ယောက်ထဲပဲနေချင်သေးတာမို့လို့ ကျွန်တော့်ကိုမနှောင့်ယှက်ပါနဲ့တော့။ကျွန်တော်အတန်းရှိသေးလို့သွားမှရတော့မယ်"

Strawberry Milk Lover Covered In Green Lover💚🍓Where stories live. Discover now