Don't Leave Me Alone-2

256 31 4
                                    

ဂျောင်ဟျွန်းနိုးလာတော့ ဘေးဘက်မှာရစ်ခီကရှိမနေတော့ပေ။အဲ့အစား စာတစ်စောင်ကိုသာတွေ့ရသည်။

“ဒီကလေးကတော့ စာတွေဘာတွေနဲ့”

စာကိုဖွင့်ဖတ်ကြည့်လိုက်မှပဲ ကမ္ဘာကြီးချာချာလည်သွားသလိုခံစားသွားရတော့သည်။

°အစ်ကိုဂျောင်ဟျွန်း ဒီစာကိုဖတ်နေတဲ့အချိန်ဆို ကျွန်တော်ကခပ်ဝေးဝေးတစ်နေရာကိုရောက်နေလောက်ပါပြီ။အမှန်တော့ အဲ့နေ့ကအစ်ကိုဂျောင်ဟျွန်းကွန်ဒိုကိုကျွန်တော်ရောက်ခဲ့ပါတယ်။အစ်ကိုတို့ပြောတာတွေကိုလည်းအကုန်ကြားခဲ့တယ်။ဒါပေမယ့် အစ်ကို့အနားမှာရသလောက်အချိန်လေးတွေထိနေချင်ခဲ့လို့မသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ။Congratulationsပါ
အစ်ကို့သူငယ်ချင်းအတွက်လက်စားချေတာအောင်မြင်ပါတယ်နော်။ဒါမျိုးမပြောချင်ပေမယ့် ပြောသင့်တယ်လို့တော့ထင်လို့ပါ။ကျွန်တော်လည်းကျွန်တော်သဘောမကျတဲ့သူကိုငြင်းပိုင်ခွင့်တော့ရှိတယ်မလား။ကျွန်‌တော့်ကိုဆွဲလားရမ်းလားလုပ်တဲ့သူကိုတော့ကျွန်တော်လည်းဒေါသထွက်ခွင့်ရှိပြီးပြန်ပြောဆိုခွင့်ရှိတယ်မလား အဲ့ဒါကိုခံစားသွားရတာတော့ကျွန်တော်လည်းမတတ်နိုင်ပါဘူး။အခုအရာအာလုံးပြီးသွားပြီဆိုတော့ အစ်ကိုသဘောကျတဲ့သူနဲ့အဆင်ပြေအောင်ကြိုးစားလို့ရပြီပေါ့။ကျွန်တော်တို့နှစ်ယောက်ရဲ့ရေစက်ကဒီအထိပဲပါလို့ထင်ပါတယ်။ဒီမှာပဲအဆုံးသတ်သွားတာပေါ့။အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။°

“အဲ့လိုမဟုတ်ဘူးလေ ကလေးရာ ဘာလို့ကိုကိုရှင်းပြတာကိုနားမထောင်ဘဲထွက်သွားရတာလဲ”

စိတ်ညစ်ညစ်နဲ့ဆံပင်တွေဆွဲဖွပစ်ပြီးမျက်ရည်တွေကျနေမိတော့သည်။ကိုကိုရှင်းပြတာတော့နားထောင်သွားသင့်တယ်လေ ကလေးရယ်။

စာထဲမှာကိုကို့ကိုအရမ်းချစ်တဲ့အကြောင်းတွေအမြဲတမ်းချစ်နေမှာပါဆိုတဲ့အကြောင်းတွေ ထည့်ရေးချင်ပေမယ့်သူမရေးဖြစ်ခဲ့ပါဘူး။အဲ့လိုတွေရေးလိုက်ရင် ကိုကို့ရှေ့‌ဆက်လျှောက်ရမယ့်လမ်းတွေမှာ အတားအဆီးတစ်ခုလိုဖြစ်သွားမှာစိုးမိတယ်လေ။

Strawberry Milk Lover Covered In Green Lover💚🍓Where stories live. Discover now