Don't Leave Me Alone-Final

320 25 15
                                    

Wedding Day~

သူတို့နှစ်ယောက်အတွက် မမေ့နိုင်စရာနေ့လေးတစ်နေ့ကိုရောက်လာခဲ့ပြီ။

နောက်ဆုံးတော့ ရစ်ခီ့ကိုသူတကယ်ပိုင်ဆိုင်ရတော့မှာပဲ။ဒီကလေးလေးကို တစ်ဘဝလုံးစိတ်ချမ်းသာအောင်ထားနိုင်ဖို့အခွင့်အရေးကိုရခဲ့ပြီလေ။

အရင်ကဆို Weddingတွေမှာ သတို့သား သတို့သမီးတွေဘာလို့ငိုကြတာလဲ သူ့မှာစဉ်းစားလို့မရခဲ့ဘူး။အခုမှသူကိုယ်တိုင်လည်း အဲ့ခံစားချက်ကိုနားလည်ပြီထင်တယ်။ကိုယ်ချစ်ရတဲ့သူကို တစ်ဘဝလုံးအတွက်ပိုင်ဆိုင်ခွင့်ရတော့မှာလေ။ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်လဲ!အဲ့ဒီ့ဝမ်းသာမှုတွေ ပျော်ရွှင်မှုတွေက မျက်ရည်အဖြစ်နဲ့ကျလာတယ်ထင်ပါတယ်။

ခန်းမတံခါးပွင့်လာပြီး ရှန်ပါပါးရဲ့လက်ကိုတွဲကာဝင်လာတဲ့သူ့ဘဝရဲ့အရှင်သခင်လေးကိုမြင်တော့ချက်ချင်းမျက်ရည်တွေဝဲလာခဲ့သည်။တကယ်ကိုရောက်လာခဲ့ပြီပဲ။သူ့ကလေးငယ်ကသူ့အပိုင်ဖြစ်လာခဲ့ပြီ။အနားကို‌ရောက်လာတော့ ရှန်ပါပါးက ကလေးလေးရဲ့လက်ကိုသူ့လက်ထဲလွှဲပြောင်းပေးခဲ့ပြီး သားငယ်ကိုအပ်ပါတယ်ဆိုပြီးမှာသွားခဲ့သေးသည်။မျက်နှာချင်းဆိုင်က ကလေးကိုမြင်တော့အပျော်လွန်ကာမျက်ရည်တွေကျလာခဲ့တယ်။ကလေးငယ်ရဲ့မျက်ဝန်းမှာလည်းမျက်ရည်တွေအပြည့်နဲ့။

“သတို့သားနှစ်ယောက် အနမ်းပေးနိုင်ပါပြီ”

ထိကပ်သွားတဲ့နှုတ်ခမ်းနှစ်စုံနှင့်အတူ ခန်းမထဲမှာလည်းလက်ခုပ်သံများနဲ့ဆူညံသွားခဲ့တော့သည်။

-

မနက်ပိုင်းWeddingပြီးတော့ ညနေပိုင်းDinnerအတွက်ဧည့်ခံရသေးသည်။အကုန်လုံးပြီးစီးတော့မှပဲ နှစ်ယောက်လုံးအခန်းထဲဝင်ပြီးအနားယူရတော့တယ်။

“ကလေး ရေအရင်ချိုးမလား ကိုကိုအရင်ချိုးရမလား”

“ကိုကိုအရင်ချိုး ကျွန်တော်ခဏလောက်ထပ်လှဲချင်သေးလို့”

“ဟုတ်ပါပြီဗျ ဒါဆိုကိုကိုရေအရင်ချိုးလိုက်မယ်နော်”

ရစ်ခီ ကိုကိုရေချိုးတာကိုဖုန်းသုံးရင်းစောင့်နေလိုက်သည်။ကိုကိုရေချိုးခန်းထဲကထွက်လာတော့ သူလည်းအမြန်ရေချိုးဖို့ပြင်ရသည်။တစ်နေ့လုံးပွဲတွေကဆက်တိုက်ဆိုတော့ ပင်ပန်းနေတာ။ရေချိုးလိုက်မှနည်းနည်းလောက်သက်သာသွားမယ်ထင်တယ်။

You've reached the end of published parts.

⏰ Last updated: Sep 04, 2023 ⏰

Add this story to your Library to get notified about new parts!

Strawberry Milk Lover Covered In Green Lover💚🍓Where stories live. Discover now