[8]

453 91 2
                                    

Unicode

(ငါ ​ယောကျာ်းချင်းစိတ်မ၀င်စားဘူး )

ပြင်းထန်ပြီး ကျယ်​လောင်လွန်းတဲ့ metal rockတစ်ပုဒ်ကို head phone volumeအဆုံးထိတင်ပြီး
ဖွင့်ထားတာ​တောင်မှ အဲဒီစကားသံကိုကြား​နေရတုန်းပဲ၊

သူစိတ်ပျက်လက်ပျက်နဲ့ head phoneကို ဆွဲချွတ်ပြီး​တော့သာ ပစ်ချလိုက်မိသည်။

ဘယ်လက်က အနာကျက်​နေ​သော ချုပ်ရိုး​နေရာ​လေးက ယားယံ​နေပြီး​တော့ အဲဒီ​အောက်က ဒဏ်ရာအသစ်​လေးမှာ​တော့ ပတ်တီးဖြူဖြူ​လေးက​
နေရာယူလျက်၊

​​​တကယ်​သွေး​အေးလွန်းတဲ့လူ

ငဲ့ညှာမှု​ဆိုတာနည်းနည်းမှမရှိ၊
အဲဒီမျက်လုံးအကြည့်​တွေက အစ
ခံစားချက်​တွေနည်းနည်းမှရှိမ​နေခဲ့တာ၊

(​ဆေးခန်းကိုလည်းခဏခဏမလာပါနဲ့
ပါတ်၀န်းကျင်ရဲ့အမြင်လည်းရှိတယ်၊
ငါ့ရဲ့သိက္ခာကိုလည်း​လေးစား​ပေးပါ)

ပတ်​ဆောင်ဟွန်းရယ်ပစ်ခဲ့မိသလား မသိ​တော့၊

သူသိတာက​တော့ တစ်​ယောက်​ယောက်အ​ပေါ်
ပထမဆုံးဖြစ်တည်လာမိတဲ့ သူ့ရဲ့ရင်ခုန်သံ​​တွေက
ဒီတိုင်း​ချေမွခံလိုက်ရတာပဲ

တကယ်​တော့ စိတ်ဖြတ်လိုက်သင့်မှန်းသိရက်နဲ့

ကင်​​​ဆောနူဆီက ဘာ​မျှော်လင့်ချက်မှ ထပ်မရနိုင်​တော့မှန်းလည်း သိ​နေတာ​တောင်မှ

အဲဒီ​ဆေးခန်းကို အမှတ်မရှိထပ်သွားမိ​နေတုန်းပဲ၊

သူ့ကို​တွေ့လိုက်တိုင်း စိတ်ညစ်သွားတဲ့အမူအယာနဲ့
ကင်​ဆောနူရဲ့ ​အေးစက်တဲ့အကြည့်​တွေ
ခပ်ပြတ်ပြတ်စကားလုံး​တွေကိုမှမကြားရရင်
တစ်​နေကုန်ဟာတာတာဖြစ်​နေတတ်လို့၊

အနည်းဆုံး​တော့ စိတ်အ​​နှောင့်အယှက်​ပေးရမှာ​ပေါ့

ကင်​ဆောနူက သူ့ကို အဲ​လောက်ထိ ​မြင်ရတာ
စိတ်မချမ်းသာဘူးဆိုရင် ခဏခဏ​ပေါ်လာ​ပေးမယ်

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူက ကင်​ဆောနူရဲ့ စိတ်ထဲမှာရှိ​နေမှဖြစ်မှာ၊

ဖြစ်​စေချင်​နေသလိုမျိုး လွယ်လွယ်နဲ့​တော့လက်မ​လျှော့လိုက်နိုင်ဘူး​

[Sir, My Heart Is Skipping Again]Where stories live. Discover now