[10]

626 87 9
                                    

Unicode

ပုံမှန်ဆိုလျှင် ​စော​စောအိပ်ယာ၀င်တတ်ပြီး
မနက်ဆိုလျှင်လည်း​စော​စောထရသည်ကို
ကြိုက်သည့် အ​မေက ညလယ်​လောက်အထိ
TV​ရှေ့တွင် ထိုင်​နေသည်မှာ
နည်း​နည်း​တော့ထူးဆန်း​နေခဲ့သည်။

ပတ်​ဆောင်ဟွန်းမှာ အိပ်ယာ​ပေါ်တွင် မျက်လုံးတို့ကို မှိတ်လျက် လဲ​လျောင်း​နေပါသည့်တိုင်အိပ်မ​ပျော်ခဲ့၊

တဖြည်းဖြည်းနှင့်အာ​ခေါင်​ခြောက်လာမှု​ကြောင့် ​အောက်ထပ်ကို ​ရေဆင်း​သောက်ရင်း TV​မှထွက်လာ​သော အသံတိုးတိုးကိုကြားမိသဖြင့်
ဆက်တီ​ပေါ်တွင်အ​မေဖြစ်သူ အိပ်​ပျော်​နေမည်စိုး၍ ​ရေဘူးကို​မော့ရင်းပင်
ဧည့်ခန်းမှအ​မေဖြစ်သူရှိရာဆီ ​လျှောက်သွားလိုက်မိသည်။

"မအိပ်​သေးဘူးလား "

ရုပ်ရှင်ကားထံအာရုံစိုက်​နေ​သော အ​မေဖြစ်သူမှာ
နံ​ဘေးတွင်လာရပ်​သော သူ့အား အသာ​မော့ကြည့်လာခဲ့သည်။

"အင်း ဇာတ်လမ်း​လေး​ကောင်း​နေလို့​လေ"

ပတ်​ဆောင်ဟွန်း၏အကြည့်တို့က ဖန်သားပြင်​ပေါ်တွင်လှုပ်ရှား​နေ​သော ရုပ်ပုံများထံ ​
ခေတ္တမျှ​ရောက်ရှိသွားခဲ့၏။

၄င်းမှာ ​ရောမ​ခေတ်ကို​နောက်ခံပြုထား​သော ဇာတ်လမ်းတစ်ခုဖြစ်ပုံ​ပေါ်ကာ
သူနှင့်သိပ်မရင်းနှီးလှ​ချေ။

"ပြီး​တော့မှာလား "

သားဖြစ်သူအ​မေးကိုကြား​တော့
သူမဖန်သားပြင်ကိုပြန်ကြည့်လိုက်ရင်းပင်

"မ​ပြောတတ်ဘူး နာရီ၀က်​လောက်​တော့ ကြာဦးမယ်ထင်တာပဲ"

ထို့​နောက်တွင် စားပွဲ​ပေါ်သို့​ရေဘူးကိုတင်လိုက်ရင်းမိခင်ဖြစ်သူ​ဘေး၌ပင် သူ၀င်၍ထိုင်ချလိုက်သည်။

သားဖြစ်သူမှာ ဤကဲ့သို့ romance ရုပ်ရှင်မျိုးကို
ကြည့်​လေ့ကြည့်ထမရှိသလို TVကြည့်တတ်​သော
က​လေးမျိုးလည်းမဟုတ်သည်မို့
သူမတစ်​ယောက်တည်းဖြစ်​နေမည်စိုး၍
အ​ဖော်ပြု​ပေးခြင်းသာဖြစ်​ကြောင်း
နားလည်မှုနှင့်အတူ သူမ၏နှုတ်ခမ်း​တွေ
ပြုံးသွားမိသည်။

You've reached the end of published parts.

⏰ Last updated: Sep 16, 2023 ⏰

Add this story to your Library to get notified about new parts!

[Sir, My Heart Is Skipping Again]Where stories live. Discover now