[9]

530 95 10
                                    

Unicode

​ဆောနူ ကြည့်လက်စ သု​တေသနစာတမ်းကို စိတ်မပါလွန်းစွာ ပိတ်လိုက်မိသည်။

စားပွဲ​ပေါ်၌ လက်တော့၏ ​အနီးတွင်လာတင်ထား​သော
စက္ကူအိတ်​လေးထဲ၌ ဂျူတီကုတ်အဖြူ​ရောင်​လေးမှာ
သပ်ရပ်စွာ ​ခေါက်လျက် ​နေရာယူ​နေခဲ့သည်။

​​ပါးပြင်အားလက်​ထောက်လျက်သားနှင့်ပင်
​ဆောနူထိုအိတ်က​လေးအား ​ငေး၍ကြည့်​နေမိသည်။

လွန်ခဲ့​သောတစ်ပါတ်ကအထိ အနားတွင် တ၀ဲလည်လည်နှင့် စိတ်ရှုပ်ရ​လောက်​​​အောင်​ပေါ်လာ​နေတတ်ပါ​သော ​မျက်နှာတစ်ခုအား မမြင်​တွေ့ရသည်မှာ
ကြာရှည်ခဲ့ပြီဟုထင်ရပြန်သည်။

မိမိမရှိချိန်တွင် စားပွဲ​ပေါ်သို့လာထားသွား​သော
ဤဂျူတီကုတ်​လေး​ကြောင့်သာမဟုတ်လျှင်
​​ဆောနူရဲ့​​ခေါင်းထဲ ပတ်​ဆောင်ဟွန်းဆိုသည့်​ကျောင်းသားအ​ကြောင်းရုတ်တရက်၀င်လာခဲ့မည်မဟုတ်၊

လက်ကိုလှမ်း၍ စက္ကူအိတ်​လေးအား အနားကိုဆွဲယူလိုက်ပြီး၊ အတွင်းမှသပ်ရပ်စွာ​ခေါက်ထား​သော
ဂျူတီကုတ်​လေးအား ထုတ်ယူ၍ကြည့်လိုက်မိသည်။

ဖြူ​ဖွေး၍သန့်စင်​နေပါ​သော ဂျူတီကုတ်​လေးအား
ဖြန့်ချလိုက်စဥ်မှာပင် ရင်းနှီး​နေနှင့်ပြီဖြစ်​သော
ရနံ့သင်းသင်း​လေးတစ်ခုမှ သူ၏နှာဖျားအား
လာ​ရောက်ကြည်စယ်လာခဲ့သည်။

ထို​ဂျစ်ကန်ကန်နှင့်ကျောင်းသား​လေး အနားသို့​ရောက်လာတတ်တိုင်း
ရတတ်ပါ​သော ကိုယ်သင်းရနံ့ နှင့် ဆင်တူ​သော
ရနံ့​လေးမှာ ဂျူတီကုတ်အဖြူ​လေးတွင် စွဲထင်လျက်ပင်။

​​ဆောနူ မသိလိုက်ခင်မှာပဲ ဂျူတီကုတ်အဖြူ​လေးအား မျက်နှာအနီးသို့ဆွဲယူလျက် မျက်လုံး​လေး​တွေမှိတ်လိုက်မိသည်။

​​​အ​ကောင်အထည်မရှိသည့်ရနံ့ထုထည်​လေးမှာ
သူ၏တကိုယ်လုံးအားလွှမ်းခြုံသွားသည့်နှယ်၊

အလွန်​နွေး​ထွေးသည့်ခံစားချက်

"​ဆရာ. "

ရုတ်တရက်တံခါး​ခေါက်သံတစ်ခု​ကြောင့်
​ဆောနူမျက်လုံး​တွေဖြတ်ခနဲပွင့်လာခဲ့ပြီး
ဂျူတီကုတ်အဖြူ​လေးအား လုံး​ထွေးရင်းပင်
အိတ်​လေးထဲအလျင်စလိုပြန်ထိုးထည့်လိုက်မိသည်။

[Sir, My Heart Is Skipping Again]Waar verhalen tot leven komen. Ontdek het nu