Daddy 4

1.4K 155 37
                                    

"အဲလိုပဲငြိမ်ခံနေတာလားအမြဲတမ်း......ဟမ်
ဆရာမကိုသွားမတိုင်ဘူးလား"

အိမ်ပြန်ရောက်ရောက်ချင်းမျက်မှောင်ကြီးကျုံ့ပြီး လေသံမာမာ‌နဲ့မေးလာသူကိုကြည့်ကာ Fourth ဝမ်းနည်းသွားသည်

Fourth မှာဖြင့်နေ့တိုင်းသတိရနေတဲ့ဟာကို....

ခေါင်းကိုပွတ်သပ်ပေးလာမယ့် လက်ဖဝါးကျယ်ကျယ်တွေ......
ရယ်သံဩဩတွေ.....
Fourth ဘာပဲလုပ်လုပ်ခပ်ပြုံးပြုံးနဲ့စိုက်ကြည့်နေတတ်တဲ့ မျက်ဝန်းညိုညိုတွေ......
နူးညံ့စွာစကားဆိုတတ်တဲ့ အသံချိုချိုတွေ....

ဆယ်ရက်လုံးလုံး Fourth အရမ်းသတိရနေခဲ့တာ.....

ကျောင်းကပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး ပြန်အလာကိုစောင့်နေမယ်
ပြီးရင် ဖေဖေ့ကိုကြိုသလိုမျိုး စီးကြိုပွေ့ဖက်မယ်
စကားတွေအများကြီးပြောပြီးအတူတူရယ်မောကြမယ်လို့စဉ်းစားထားလိုက်ပေမယ့်
မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်လာတဲ့အခြေအနေကြောင့် Fourth အလွန်ဝမ်းနည်းသွားရလေသည်....
လက်ချောင်းလေးတွေကိုအပြန်အလှန်ဆိတ်စွနေရင်း ဘာစကားမှမဆိုပဲခေါင်းငုံ့ထားလိုက်မိသည်....

စိတ်ထဲမှာ လုံးဝနေလို့မကောင်းတော့.....

"ကိုယ်မေးနေတယ်လေ
အဲ့ကလေးတွေက Fourth ကိုအမြဲတမ်းဒီလိုပြောနေကြလား
အဲ့ဒါကိုဘာကြောင့်ငြိမ်ခံနေသလဲ လူကြီးတွေကိုပြောပြရမှာပေါ့ Fourth"

ခေါင်းယမ်းကာအဖြေပေးလိုက်တော့ မေးဖျားကိုပင့်ကိုင်လာသည်မို့ Fourth ဆတ်ခနဲရုန်းကာ မျက်နှာလွဲလိုက်မိသည်.....

မျက်နှာချင်းဆိုင်ရင်ငိုမိမှာစိုးလို့.....
ကလေးဆိုပေမယ့် ကိစ္စသေးသေး‌လေးအတွက်နဲ့‌ Fourth မျက်ရည်မလွယ်ချင်ပါ......

"Fourth"

"-----"

"ဟင်း.....ဒီဘက်လှည့်ပါအုံး
ကိုယ့်မှာ ကလေးကိုတွေ့ချင်လွန်းလိုအိမ်တောင်အရင်မပြန်ပဲအလုပ်ထဲကနေတခါထဲတန်းလာခဲ့တာ
အဲ့လိုစိတ်မကောက်ရဘူးလေ"

စိတ်မကောက်ရပါဘူး
စိတ်မကောင်းဖြစ်တာ......

နှာခေါင်းတွေမွှန်ပြီး မျက်ရည်တွေဝေ့တက်လာတာကြောင့် Fourth အသက်ရှူအောင့်ပြီး အောက်နှုတ်ခမ်းကိုအတင်း‌ဖိကိုက်ထားမိသည်.....

Daddy (Completed)Where stories live. Discover now