Daddy 19

1.5K 146 67
                                    

operation room ထဲကထွက်လာကတည်းက မေ့ဆေးအရှိန်ကြောင့်သတိပြန်မလည်လာ‌သေးပဲ ဘေးတစောင်းလေးအိပ်ပျော်နေတဲ့ Daddy ကို Fourth တချိန်လုံးထိုင်ကြည့်နေမိသည်မှာ မျက်လုံးတစ်ချက်ပင်မလွှဲရဲ.......

အကြည့်တစ်ချက်လွှဲလိုက်တာနဲ့မျက်စိအောက်ကနေ Daddy ပျောက်ကွယ်သွားမှာကို Fourth အရမ်းကြောက်မိနေသည်....

မနက်ကကြုံခဲ့ရတဲ့ Daddy ကိုဆုံးရှုံးရလုနီးပါးအခြေအနေက Fourth ရဲ့စိတ်ထဲမှာစွဲထင်ကျန်ရစ်နေတုန်းမို့ Fourth မှာ Daddy ကိုနဲနဲလေးမှစိတ်မချနိုင်.....

သွေးသံရဲရဲကြားမှာ အလူးလူးအလွန့်လွန့်နဲ့ဝေဒနာခံစားနေရရှာတဲ့ Daddy ရဲ့ပုံရိပ်က ခုချိန်ထိ Fourth ရဲ့အာရုံထဲမှာ တရစ်ဝဲဝဲ လွှမ်းမိုးထားဆဲပင်.....

ငြိမ်းငြိမ်းချမ်းချမ်းလေးအိပ်ပျော်နေတဲ့ Daddy ကိုကြည့်ကာ Fourth သက်ပြင်းချလိုက်မိသည်....…

ဘယ်လောက်တောင်ပင်ပန်းနာကျင်နေရှာလိမ့်မလဲ......

ဘေးတစောင်းလေးအိပ်နေတာဖြစ်လို့ ခေါင်းအုံးနဲ့ဖိထားတာကြောင့် နဂိုထဲက အနဲငယ်စူချင်တဲ့ Daddy ရဲ့နှုတ်ခမ်းလေးတွေက အပြင်ကိုထော်ထော်လေးထွက်နေသည်မှာ ကလေးလေးတစ်‌ယောက်အိပ်မောကျနေသည့်နှယ်.....

ခါတိုင်းဆို ရဲရဲတောက်နေတတ်တဲ့နှုတ်ခမ်းသားလေးက အခုတော့ သွေးပမာဏအမြောက်အများဆုံးရှုံးထားရသည်မို့ အတော်လေးကိုဖြူဖျော့လို့နေသည်......
ဒီနှုတ်ခမ်းလေးတွေစီက ထွက်ကျလာမယ့်စကားသံလေးတွေကို Fourth လွမ်းလှပြီ.....

ကျေးဇူးပြုပြီး မြန်မြန်နိုးလာပါတော့ Daddy.....

တစ်နာရီလောက်ကြာသွားချိန်မှာတော့ တဖြေးဖြေးတွန့်ကျိုးလာတဲ့မျက်ခုံးထူထူတွေနဲ့ တလွန့်လွန့်လှုပ်ခတ်လာတဲ့မျက်တောင်ရှည်ရှည်တွေကြောင့် Fourth တစ်ကိုယ်လုံးဆတ်ခနဲတောင့်မတ်သွားပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေပင်လည်လာသည်.....

Fourth ရဲ့ Daddy ပြန်လာပြီ......

စက္ကန့်ပိုင်းအတွင်းမျက်တောင်ရှည်တွေကိုတဖျတ်ဖျတ်ခတ်ရင်း မျက်ဝန်းညိုညိုတွေကတဖြေးဖြေးချင်းပွင့်လာလေတော့သည်......

Daddy (Completed)Where stories live. Discover now