"မနက်ရှစ်နာရီခွဲ flight နဲ့သွားမယ်ပြောတယ် မင်းတွေ့ချင်ရင်သွားတွေ့လို့ရအောင်လှမ်းပြောပြတာ ငါကတော့အမေနဲ့သွားတွေ့မလို့ ဒီမနက်မလာဖြစ်တော့ဘူးနော် Gemini "
"ဟုတ်ကဲ့ Phi အမေနဲ့အတူပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ခဲ့နော် ကျွန်တော့်ကိုစိတ်မပူနဲ့ Nicole နဲ့ Andrew လည်းရောက်နေတယ် အလုပ်မသွားခင်ခဏဝင်လာကြည့်ကြတာ"
"အေးပါ....မင်းသွားတွေ့လိုက်ပါအုံးလား
ဘယ်အချိန်ပြန်တွေ့လို့တွေ့ရမယ်မှန်းမှမသိတာ""............"
"ဟင်း.....အဲဒါဆိုငါဖုန်းချလိုက်တော့မယ်နော်"
"ကောင်းပါပြီ Phi"
Phi Mark ကတော့သက်ပြင်းတစ်ချက်ရှိုက်ကာဖုန်းချသွားလေပြီ.....
Gem လဲ လေပူတွေကိုတစ်ချင်မှုတ်ထုတ်ကာ မနက်စာစားရန်ပြင်ဆင်ပေးထားတဲ့စားပွဲလေးပေါ်ဖုန်းကိုတင်လိုက်သည်.....
မကြာခင်အချိန်အတွင်းမှာ
Gem ကိုယ်တိုင်ပိုးမွေးသလို ယုယုယယမွေးမြူထိန်းကျောင်းခဲ့ရတဲ့ အမြတ်နိုးရဆုံးသောလူသားလေးဟာ Gem နဲ့ဝေးရာကိုထွက်ခွါသွားတော့မည်ဖြစ်သည်......ဘယ်အချိန်မှပြန်ဆုံဖြစ်ကြတော့မလဲမခန့်မှန်းနိုင်
တစ်သက်လုံးပြန်မလာတော့တာလဲဖြစ်နိုင်သည်......
Daddy လို့တိုးတိုးဖွဖွခေါ်တတ်တာလေးတွေ......
Gem အိမ်မှာရှိနေရင်တစ်လွဲတချော် chord တွေတီးပြီးအသံသေးအသံကြောင်လေးနဲ့သီချင်းအော်ဆိုကာ မျက်နှာပြောင်တတ်တာလေးတွေ......
Gem ဘာပဲချက်ကျွေးကျွေး လက်မတထောင်ထောင်နဲ့အားပါးတရစားတတ်တာလေးတွေ.......
ရင်ခွင်ထဲတိုးဝင်ပြီး Gem ရင်အုပ်ကိုနှာဖျားလေးနှစ်ကာ ချွဲနွဲ့တတ်တာလေးတွေ......
ပူပူနွေးနွေးနှုတ်ခမ်းလေးတွေနဲ့ နမ်းရှိုက်ညှို့ယူတတ်တာလေးတွေ......
အရာအားလုံးကို နာရီပိုင်းအတွင်းဆုံးရှူံးရတော့မယ်ဆိုတဲ့အသိက စက္ကန့်နဲ့အမျှနှိပ်စက်နေလေတော့ ရင်ဘက်တစ်ခုလုံးနာကျင်ရလွန်းလို့သေလုမြောပါး.....
YOU ARE READING
Daddy (Completed)
General Fiction"ကိုယ်ကစစ်သားမို့လို့စစ်သားစကားပဲပြောမယ် မင်းကိုယ့်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေကိုယ်တော့ မင်းကိုတစ်သက်လုံး နှစ်ဆယ့်လေးနာရီ duty on ပြီးကာကွယ်စောင့်ရှောက်နေမှာ မင်းက Daddy ရဲ့ ထာဝရ VVIP ပဲကလေးလေး" #Gemini "Daddy is everything Everything is Daddy" ...