အချပ်ပို ၁ : အခန်း ၅

6.7K 687 10
                                    

《အချပ်ပို ( ၁ ) : မျှော်လင့်ချက်လမ်းတစ်လျှောက် ( ၅ )》



Warning : Mature Contents and dirty words

Read at your own risk or skip this chapter



သူ့အဖျားက မပြင်းထန်သလို ပုံမှန် လှုပ်ရှားမှုတွေမှာ ဘာမှ ပြဿနာရှိသော်လည်း သူ့စိတ်တွင်တော့ အနည်းငယ်မူးဝေနေစမြဲ။ ရေပူစမ်းထဲမှာ ခဏလောက် စိမ်ပြီးသွားသည်နှင့် ချွေးတရွှဲရွှဲဖြစ်လာကာ ပူပြီး စိတ်မသာမယာဖြစ်လာတော့သည်။သူ ထရပ်၍ အပြင်တော့မည်အပြု ၊ ရုတ်တရက် တံခါးခေါက်သံတစ်ချက်ပေါ်လာသည်။

" ဘယ်သူလဲ ? "

" ကျွန်တော်ပါ " ကြည်လင်နေသောအသံလေးက ဆိုလာ​၏။

" ဝင်ခဲ့လေ ပေါင်ပေ့အာ "

ရှရှီးအိုက်က တံခါးဖွင့်၍ ရေပူစမ်းထံလျှောက်လာခဲ့သည်။ ကျန်းလျိုရှန်း မျက်လုံးပင့်ကြည့်လိုက်လျှင် သူက နေဗီပြာရောင် စင်းကျားပါ Bathrobe ကို ဝတ်ထားသည်အား မြင်လိုက်ရပြီး ယင်းကပင် သူ့အသားအရေကို အလွန်တရာ ဖြူဖွေးသွားစေသည်။ ယခုမှ ရေချိူးပြီးခဲ့သည့်အလား သူ​၏ ဆံပင်တို့မှာ စိုစိစိဖြစ်နေဆဲဖြစ်ပြီး ပါးမို့တွေရဲလျက် မျက်လုံးထဲတွင်လည်း ရေခိုးတချို့ရှိနေသေးသည်။

အရင်ကဆိုပါလျှင် သူ ရှရှီးအိုက်ကို ဤသို့မြင်ပါက သေချာပေါက် အခွင့်ကောင်းယူလိမ့်မည်ဖြစ်သော်လည်း ယနေ့တွင်တော့ သူဖျားနေပြီး အနားကပ်မရသည့်အတွက် နှုတ်ဖြင့်သာ ကျီစယ်နိုင်ခဲ့​၏ :

" ညလယ်ကြီးမှာ ကိုယ့်ရည်းစားအခန်းထဲ ဝင်လာတာက အန္တရာယ်များတယ်နော် မင်းသိရဲ့လား ? "

ရှရှီးအိုက်က အဖြေမပေးလာ။ သူက ခြေလှမ်းတချို့နှင့််ကပ်လာကာ ရေပူစမ်းကန်​၏ လမ်းတစ်ဝက်မှာ ထိုင်ချလိုက်ပြီးမေးသည် : " ခင်ဗျား...နေလို့ပိုကောင်းလာပြီလား ? "

" ရေပူစမ်းခဏစိမ်ပြီး ချွေးထွက်သွားတော့ အများကြီး ပိုကောင်းလာပါပြီ။ " ကျန်းလျိူရှန်းက လှည့်၍ ကန်အစွန်းမှာလှဲချလိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြလာသည် : " တစ်ကိုယ်လုံးပူလာအောင် တခြားတစ်ခုခု လုပ်လို့ရမယ်ဆို အမြန်ဆုံးပိုကောင်းလာမယ်ထင်တယ် "

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Where stories live. Discover now