အခန်း - ၁၇

6.4K 1K 6
                                    

『Unicode』

ထိုနေ့ညမှလွဲလျှင် ကျန်းလျိုရှန်းမှာ ဗိုက်နာတာ ထပ် မဖြစ်တော့ပေ။ သူသည်လည်း ဘာမူမမှန်သည့်လုပ်ရပ်မှ မပြပါဘဲနဂိုပုံစံ ပြန်ဖြစ်လာပုံရသည်။

မသိလိုက်ခင်မှာပဲ ရိုက်ကူးရေး​၏ ၁၅ရက်မြောက်ကိုကုန်လွန်ခဲ့ပြီး သူတို့တွေလဲ မြို့တော်သုံးမြို့ကို ဖြတ်သန်းလာခဲ့ပြီပင်။

ဘာစီလိုနာ၌ သူတို့ဟာ ပင်လယ်စာရဖို့ ပင်လယ်ကို ထွက်ခဲ့ကြပြီး အထူးနယ်ခံစတိုင်ဖြစ်သည့် risotto ကိုလည်း လုပ်ခဲ့ကြသည်​။ ကံမကောင်းစွာနှင့် ရှရှီးအိုက်ဟာ ကျန်းလျိုရှန်း​၏ အဖွဲ့ထဲသို့ ဆွဲသွင်းခံလိုက်ရ​၏။ နောက်ဆုံးတွင် သင်္ဘော​၏ထိပ်ဖျားမှအောက်ဆုံးအထိတိုင် ပေါင် ၃၀၊၄၀လောက်လေးသည့် တူနာငါးကို ကိုင်ထားပါသော ကျန်းလျ်ိုရှန်းထံမှအလိုက်ခံနေရချေသည်။ အရင်တစ်ခေါက်က သူ့ကို တိုက်မိတာကြောင့် လက်စားချေတာအဖြစ် သူ့ကို ငါးအား နမ်းခိုင်းချင်နေတာပင်။

သူတို့တွေဟာ အင်ပါယာစတိတ်အဆောက်အဦးနှင့် Time Square၌ တည်ရှိသော နယူးယောခ့်​၏ နာမည်ကြီး ရုပ်ရှင်ဇာတ်ကွင်းများတွင် သူတို့​၏ ကိုယ်ပိုင် Microcinemaကိုလည်း စီစဉ်ခဲ့ကြသည်။ သူတို့​၏ ချမ်းသာသည့်ဖန်တချို့ကခရီးစဉ်အကြောင်း ကြိုသိထားကြ၍ သူတို့ရှိုးရိုက်ကူးချိန်မှာ အထူးတလယ်ပင် Time Squareရှိ ကြော်ငြာဖန်သားပြင်က်ိုရက်အနည်းငယ်မျှ ငှားခဲ့ကြလေသည်။ အမေရိကမှာ ပညာသင်နေကြသော ဖန်များကလဲ ရိုက်ကူးရေးဆိုက်တွေကို စုကာပြည်တွင်းထုတ် သတင်းစာထဲမှာပင် ပါအောင် လုပ်ပေးကြလေသည်။

မျက်စိတမှိတ်အတွင်း ၊ ခရီး​၏ နောက်ဆုံးမှတ်တိုင် : တိုကျိူ အတွက် အချိန်ကို ရောက်ခဲ့လေပြီ။

တစ်ချိန်တည်းမှာပဲ 《အနောက်ဘက်ခရီးတစ်လျှောက်》​၏ ပထမဆုံးအပိုင်းကို တရုတ်မှာ ထုတ်လွှင့်နေပြီဖြစ်​၏။

ထိုညက ကြည့်ရှု့နှုန်းမှာ တဟုန်ထိုးတိုးပွားကာ အမြန်ပင် စံချိန်ချိူးနိုင်ခဲ့သည်။ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှု့သူ အရေအတွက်ဟာ နောက်တစ်နေ့မှာ သန်း၁၀၀ကို တန်းပြီး ကျော်သွားခဲ့သဖြင့် သမိုင်းတစ်လျှောက် လူကြိုက်အများဆုံး ရသစုံရှိုး ဖြစ်လာခဲ့​၏။ ၄င်းကြောင့် ဒါရိုက်တာကျူကျစ်မင်နှင့် ရှီးကွားတီဗွီ​၏ ထိပ်သီးအမှုဆောင်များမှာ ပါးစပ်မပိတ်နိုင်လောက်အောင် ပျော်ရွှင်နေကြချေပြီ။

သီးသန့်အချစ် || ဘာသာပြန် ||『 Completed』Hikayelerin yaşadığı yer. Şimdi keşfedin