[8]

785 149 11
                                    

ကျောင်းရှေ့မှာ ကားအပြာရောင်လေးကိုမှီပြီးရပ်
စောင့်နေတဲ့ ကျန်းဟောင့်ကို လူတွေကပေါ်တင်
တစ်မျိုး မသိမသာတစ်မျိုးရော ကြည့်နေကြပေမဲ့
ကာယကံရှင် ဟောင့်ကိုယ်တိုင်ကတော့ လက်ထဲက
ဖုန်းကိုသာ အာရုံစိုက်မိနေလေသည် ။

ဖုန်းထဲက ဂယူဗင်းပို့ပေးလာတဲ့ဟန်ဝေ့ချန်ရဲ့
မိသားစုနောက်ကြောင်းတွေကို အကျဉ်းချုပ်
ဖတ်နေရင်းနဲ့ ကျန်းဟောင့်ဖုန်းမကိုင်ထားတဲ့
အခြားလက်တစ်ဖက်ကို တတိတိကိုက်နေမိသည် ။

ဟန်ဝေ့ချန်က ကိုရီးယားရဲ့နာမည်ကြီးဖက်ရှင်
ကုမ္ပဏီကြီးကိုပိုင်သည့် ဟန်မျိုးရိုးကဆင်းသက်
လာတဲ့သူဖြစ်ပြီး ဘာကြောင့်များခုလိုဆက်ဆံ
ခံခဲ့ရတာလည်း ။

ကျန်းဟောင့်အောက်ကို ဆက်ဆွဲချကြည့်တော့
ပေါ်လာသော အကြောင်းအရာများမှာခပ်တိုတို
ရေးထားတာမလို့ အပြည့်အစုံမပါဝင်ပေမဲ့ ကျန်းဟောင့်
ထင်ထားခဲ့သလိုပါဘဲ ဟန်ဝေ့ချန်အတူနေခဲ့ရတဲ့
သူတွေက ဟန်ဝေ့ချန်နဲ့ဆွေမျိုးချင်းတောင်တော်စပ်
မနေပါဘူး ။

ဂယူဗင်းပြောပုံအရတော့ ဟန်ဝေ့ချန်ကိုစောင့်ရှောက်
ဖို့ခေါ်ထားတဲ့သူတွေက ချန်ချန့်ကိုယခုလိုဆက်ဆံ
နေခဲ့တာဖြစ်ပြီး မိဘတွေကိုယ်တိုင်ကတော့ချန်ချန့်ကို
တိတ်တဆိတ်မွေးဖွားပြီးသေသွားခဲ့တာပဲလား ဒါမှ
မဟုတ်တမင်သက်သက် ပိုက်ဆံအချို့နဲ့စွန့်ပစ်လိုက်ခြင်းလားကတော့ ယောင်ဝါးဝါးပါဘဲ ဘာလို့ဆို ကျန်းဟောင့်ထိန်းသိမ်းခွင့်တောင်းတဲ့အချိန်ထိ ဆေးရုံမှာတွေ့ခဲ့တဲ့မိန်းမကြီးနဲ့သူ့ယောကျာ်းကိုပဲ မျက်နှာချင်းဆိုင်ခဲ့ရတာ
ကို ။

သေချာတာတော့ ချန်ချန်အခုလိုဆက်ဆံခံနေရတာ
တွေကို ဟန်မျိုးနွယ်တွေကနည်းနည်းတောင်မသိတာ
ပဲလား တမင်သက်သက်မသိချင်ယောင်ဆောင်တာ
လားကတော့ တကယ်တွေးစရာပင်၊ နာမည်ကအစ
တရုတ်နာမည်ဖြစ်နေခဲ့ပြီးဟန်မျိုးရိုးရဲ့မည်သူ့သားမှန်း မသိရတာကြောင့်ကျန်းဟောင့်မှာအစရှာရဖို့က ခက်နေ
သည် ။ ကျန်းဟောင့်သိရသလောက်တော့ ဟန်မျိုးရိုးမှသမီးတွေအတော်လေးများတာဖြစ်ပြီး အကုန်လုံးက
လည်းအိမ်ထောင်ကိုယ်စီနဲ့ဖြစ်ကာ နောက်ဆုံးကျန်တာကအသက်သုံးဆယ်ကျော် လက်မထပ်ရသေးသည့်
မိန်းကလေးဟန်ဒိုဂျင်းသာဖြစ်သည် ။

Favorite CrimeWhere stories live. Discover now