[33]

862 122 5
                                    

ကောင်းကင်ပေါ်က တစ်ကိုယ်တည်းသောရှိနေတဲ့
လဆီက အလင်းရောင်က တိတ်ဆိတ်နေတဲ့ရပ်ဝန်း
ဆီသို့ အနည်းငယ်သောအလင်းရောင်တွေအားဖြန့်
ကျက်ထားသည် ။

အပ်ကျသံမျှပင်မကြားရလောက်အောင်တိတ်ဆိတ်
နေတဲ့ကာလမှာ တောင်ကုန်းလေးဆီကနေအရိပ်နှစ်ခု
ကိုပူးကပ်စွာတွဲမြင်နေရသည် ။

သစ်ရွက်တွေရဲ့အချင်းချင်းပွတ်တိုက်သည့် လှုပ်လီလှုပ်
သဲ့အသံနဲ့အတူ ညရဲ့အအေးဓာတ်ကတဖြည်းဖြည်း
ပိုကဲလာသည် ။

တစ်ခါတစ်ခါဆုံသွားတတ်တဲ့ အကြည့်တွေကလည်း
ကျန်းဟောင့်အတွက် တကယ့်အန္တာရယ်ဇုံအတိပင် ။
သူကိုယ်တိုင် စဆက်သွယ်ခဲ့တာဆိုသော်ငြားလည်း
မျက်နှာချင်းမဆိုင်ရဲသူမှာလည်း သူတစ်ယောက်
တည်းသာဖြစ်နေခဲ့တယ် ။

မဆိုင်ရဲဘူးဆိုတာထက် မဆိုင်ချင်ဘူးဆို
မှန်လိမ့်မည် ၊ တကယ်ဆိုကျန်းဟောင့်က
ဆောင်းဟန်ဘင်းကို သူ့ကိစ္စတွေနဲ့နည်းနည်း
လေးမှ မပက်သတ်စေချင်ဘူး ။

ဒါကသူ့တစ်ယောက်တည်းမှာသာပါလာတဲ့ဝဋ်ကြွေး
ဖြစ်ပြီး သူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အမှားတွေအတွက်
ပေးဆပ်နေရခြင်းသာဖြစ်သည် ။

ရောက်ကတည်းက တစ်ခွန်းမှမဆိုလာဘဲငြိမ်နေ
ခဲ့တဲ့သူက ကျန်းဟောင့်ရဲ့တစ်ချက်ကျုံ့လိုက်တဲ့
ကိုယ်ကိုမြင်တော့ သူ့ရဲ့အပေါ်အကျီကိုချွတ်ပေးရန်
လုပ်တော့သည် ။

" နေပါ ၊ ငါအရမ်းမအေးဘူး..မလို့ "

ကျန်းဟောင့်စကားမဆုံးခင်မှာတင် သူ့ပုခုံးပေါ်
နေရာယူလာခဲ့တဲ့ အဲ့ဒီ့အပေါ်ထပ်အကျီလေးကြောင့်
ကျန်းဟောင့်မှာ မင်သပ်မိရသည် ။

ဒီလူသားကဘယ်လောက်ထိသူ့ကိုရူးအောင်
လုပ်ဖို့စဉ်းစားထားပါသနည်း ။

" ဒီကိုခေါ်လိုက်တာဘာလို့လဲမမေးတော့ဘူးလား "

ဆက်လက်ဖြစ်တည်နေတဲ့ တိတ်ဆိတ်မှုကိုဖြိုခွင်း
သူကလည်း ကျန်းဟောင့်ကိုယ်တိုင်သာဖြစ်လာ
ရတော့သည် ။

" ငါနဲ့ဟန်ဝေ့ချန်က ညီအကိုတွေတဲ့ "

ကျန်းဟောင့်ဘဝမှာပထမဆုံးဖြစ်တဲ့ တစ်စုံ
တစ်ယောက်ကိုရင်ဖွင့်ခြင်းဆိုတဲ့ ဖြစ်ရပ်ကို
ပထမဆုံးအနေနဲ့ သူ့ဘဝမှာအတူရှိချင်မိတဲ့
ပထမဆုံးလူဆီကို တိုင်တည်ဖြစ်တယ် ။

Favorite CrimeWhere stories live. Discover now