[29]

1.1K 157 19
                                    

ညရဲ့တိတ်ဆိတ်မှုဟာဟန်မြစ်မှာပို၍သိသိသာသာ ။

တိတ်ဆိတ်နေတဲ့အခြေအနေကိုဖြိုခွင်းနေတဲ့တစ်ဦး
တည်းသော တရားခံက ကန်ရေပြင်ထက်ဆီကမြစ်ဖျား
ခံတယ် ။

ဗွမ်း !
ဗွမ်း !

မြစ်ထဲကို ကျောက်ခဲတွေတစ်လုံးပြီးတစ်လုံး
ပစ်ချနေသူဟာ အိမ်မပြန်ရလို့မကျေမနပ်ဖြစ်နေဟန်
ပါးစပ်ကလည်း တောက်လျှောက်အော်ဟစ်နေလေရဲ့ ။

" အိမ်ပြန်ချင်တယ်လို့ အိမ်ပြန်ခွင့်ပေးကြပါ "

ကားနောက်ဖုံးဖွင့်ပြီးခြေထောက်ဆင်းထိုင်နေသူဟာ
လက်တစ်ဖက်ကနေလည်း ဆိုဂျူတစ်ပုလင်းကိုကိုင်
ထားသေးသည် ။

" မနက်ဖြန်လည်းငါ့မွေးနေ့လေကွာ "

ဂယူဗင်းသစ်ပင်လေးကိုမှီပြီး ငိုက်မြည်းနေရန်သာ
ကြံလိုက်သည် ။ မူးလို့အိပ်ပျော်သွားမှသာအေးဆေး
ခေါ်သွားမည်ဟု တွေးလိုက်သည် ။

" ကြယ်တွေကိုကြည့်စမ်း ငါ့ကိုလာခဲ့လာခဲ့လို့
လက်ယက်ခေါ်နေသလိုပဲမြင်လား..

လာလို့မရတော့ဘူးချစ်လေးတို့ရယ် ဒီကိုယ်ထဲက
နှလုံးသားက ပေးချင်တဲ့သူကလည်းလက်မခံဘူး
အာကာသထဲကလည်း ခြေချလိုက်တာနဲ့တန်းသေ
သွားတော့မှာ သိရဲ့လားလို့ ! "

ညဘက်မှောင်မဲနေတဲ့ ကောင်းကင်ကြီးဆီမှ
တစ်ခုတည်းသော ထွန်းလင်းနေတဲ့ကြယ်လေးကို
မော့ကြည့်လို့ နာနာကျင်ကျင်အော်ပြောနေသော
ဟောင့်က တစ်ချိန်တည်းမှာလည်း အလွန်သနားစရာ
ကောင်းနေပြန်သည် ။

One night a few moons ago
I saw flacks of what could've been lights
But it might just have been you...

နှုတ်ခမ်းဖျားက တီးတိုးရေရွတ်နေတဲ့သီချင်းသံ
တိုးတိုးကထွက်ကျလာပြီး တစ်ပြိုင်နက်ကျန်းဟောင့်က
လက်ထဲက လက်ကျန်ဆိုဂျူလေးကိုမော့ချလိုက်သေး
သည် ။

" ဂယူ မင်းသိလား ကမ်းခြေမှနှင်းကျတယ်ဆိုတာ
ဘာလို့ထူးဆန်းတယ်ဆိုတာ "

ဂယူမှာသိသိသာသာတိတ်ဆိတ်နေလေသည် ။
ပြန်မဖြေတော့တာမဟုတ်ဘဲ ဂယူကဖြေလွန်းအား
ကြီးလို့ စကားလုံးအသစ်ကိုရှာမတွေ့တော့လို့မသိ
ချင်ယောင် ဆောင်လိုက်ခြင်းသာ ။

Favorite CrimeWhere stories live. Discover now