(36)ကမ္ဘာပျက်ကပ်၏ဇိမ်ခံပစ္စည်းများနှင့်ဓားပြတိုက်ခြင်း

1.4K 181 2
                                    

Unicode

Translated by-Aki

Posted by-Lavender-no-ame

အခြေစိုက်စခန်းက"ဂ"ပုံသဏ္ဌာန်မြစ်၏အလယ်တွင်တည်ရှိသည်။ယခုအချိန်တွင်အခြေစိုက်စခန်း၏ အတွင်းအပိုင်းကော၊အပြင်ပိုင်းကောတော်တော် လေးပြီးစီးနေပြီဖြစ်သည်။မြစ်အပြင်ဘတ်ခံတပ်များဆောက်ရန်လူများပိုမိုများပြားကာ အခြေစိုက်စခန်းကအနီးနားကအဆောက်အအုံများရှင်းလင်းရန်လူတွေကိုစတင်စီစဉ်နေပြီဖြစ်သည်။

ဟဲဇီကျုံးသည်သူ၏အရင်ဘဝကဒီကိုရောက်လာ သောအခါအခြေစိုက်စခန်းရဲ့အနီးနားတွင်အထပ်မြင့်အဆောက်အအုံများကိုမတွေ့ခဲ့ရကြောင်းမှတ်မိသည်။အခြေစိုက်စခန်းပတ်ပတ်လည်တွင်တမင်သတ်သတ်အဆောက်အအုံများကိုဖြိုလိုက်သောကြောင့် ဇွန်ဘီများလာနေတာကိုအဝေးကြီးကတည်းက မြင်နိုင်သည်။

ဖန်ဟောင်ကပူပန်မူတစ်ချို့နဲ့ကောင်းကင်ကိုကြည့်လိုက်ပြီးအသံတိုးတိုးလေးဖြင့်မေးလိုက်သည် "ဇီကျုံး..ဒီတစ်လေနေမသာဘူးနော်"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်"အင်းကိုယ် စောင့်ကြည်ရေးကင်မရာထဲကမှတ်တမ်းတွေကို စစ်ဆေးကြည့်ခဲ့သေးတယ်နေသာတဲ့နေ့ တော့မတွေ့ဘူး"

"နေတော့မသာဘူး..မြူတွေတော့ဆိုင်းတယ်" ဖန်ဟောင်ကတစ်ခုခုကိုတွေးမိပုံရပြီးထိတ်လန့်မူနဲ့အတူဟဲဇီကျုံးကိုလှည့်ကြည့်လိုက်သည်"ဒီလိုမျိုးဖြစ်တာက..ဇွန်ဘီတွေနဲ့ဆိုင်လောက်လား"

သူ့အရင်ဘဝတုန်းကကျွမ်းကျင်သူများနှင့် ပညာရှင်များသည်ဒီပြဿနာကိုလေ့လာခဲ့ကြပေမယ့်တိကျသေချာသောသုံးသပ်ချက်ကိုမချနိုင်သေး ပေ။သို့သော်လည်းလူတိုင်းကမြူတွေနဲ့မြူဆိုင်းနေ သောကောင်းကင်ကြီးသည်ကမ္ဘာပျက်ကပ်ကြောင့်လို့ယုံကြည်ကြသည်။

"အကယ်လို့တစ်ခြားမြို့တွေကောနိုင်ငံတွေကောက ဒီမှာနဲ့အတူတူဘဲဆိုရင်..တကယ်ကိုပြဿနာအကြီးကြီးဘဲ"

ဖန်ဟောင်ကအောက်နှုတ်ခမ်းကိုမသိစိတ်အရကိုက်မိလိုက်ပြီးမှောင်မိုင်းအုံ့ဆိုင်းနေသောကောင်းကင် ကြီးကိုကြည့်လိုက်သည်။"နေရဲ့ခရမ်းလွန်ရောင်ခြည်ကဗိုင်းရပ်စ်တွေကိုသေစေနိုင်တယ်.ထူထဲတဲ့ မြူခိုးတွေကြောင့်လေထဲမှာရောဂါပိုးမွှားတွေကရှိ နေနိုင်ပြီးလေနဲ့အတူလွှင့်မထွက်သွားနိုင်ဘူး" တကယ်ကို.ဒီမြူခိုးတွေကကမ္ဘာပျက်ကပ်နဲ့ ဆက်စပ်နေမှာကိုကြောက်သည်။

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့Where stories live. Discover now